နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)
From Wikipedia, the free encyclopedia
Remove ads
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) (အင်္ဂလိပ်: Civil Service Academy-Lower Myanmar) သည် နိုင်ငံဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးသည့် အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်ကာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ ယခင်အမည်မှာ ဖောင်ကြီးသင်တန်းဟု အများခေါ်ကြသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ကို နိုင်ငံဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ဟု အမည် ပြောင်းလဲသည်။[၁]
Remove ads
သမိုင်းကြောင်းနှင့်တည်နေရာ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လှည်းကူးမြို့မှ မြောက်ဘက် (၁၈)မိုင်၊ ရန်ကုန်မြို့မှ မိုင်(၅၀)ခန့်အကွာ ဖောင်ကြီးကျေးရွာအနီးတွင် တည်ရှိသည်။
ပဲခူးရိုးမတောင်တန်း၏ အနောက်မြောက်ဘက် ဆင်ခြေလျှော တောင်ကုန်းပေါ်တွင် တည်ဆောက်ထားသည့် ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း (နောင် ဗဟိုဝန်ထမ်းတက္ကသိုလ်) ယခု နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ကို ၁၉၆၅-ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
အရှေ့ဘက်တွင် ဗဟိုသမဝါယမ ကောလိပ်နှင့်မင်းကုန်းကျေးရွာ၊မြောက်ဘက်တွင် ကျပ်ချောင်းနှင့်မဟူရာ သစ်တော ကြိုးဝိုင်း၊အနောက်ဘက်တွင် ပန်းတောကုန်းကျေးရွာနှင့် ငမိုးရိပ်ရေလှောင်တမံ၊ တောင်ဘက်တွင် ဖောင်ကြီးကျေးရွာ၊ဘုရားကုန်း ကျေးရွာတို့ တည်ရှိသည်။ ကျောင်းဝင်းအတွင်း၌ သင်တန်းခန်းမဆောင်များ၊ သင်တန်းသားများ၏ အိပ်ဆောင်များ၊ အုပ်ချုပ်သူ ဆရာနှင့် အမှုထမ်းများ၏ နေအိမ်များ၊ ဆေးရုံ၊ မူလတန်းကျောင်း၊ ကပွဲရုံနှင့် စာကြည့်တိုက် စသော အဆောက်အဦများ ဆောက်ထားသည်။
အဆောက်အဦးများကို ၂၂၉.၆၄ ဧကရှိသော မြေကွက်ပေါ်တွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။မူလဧရိယာအကျယ်အဝန်းမှာ (၂၅၄၉.၃၉)ဧက ရှိသည်။ ပြည်သု့ဝန်ထမ်းကောင်းများ မွေးထုတ်ရာ ကျောင်းဖြစ်၍ ကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှု၊ ဇွဲရှိမှု၊ သည်းခံနိုင်မှု၊ စည်းကမ်းသေဝပ်မှု စသော အရည်အချင်းများကို လေ့ကျင့်ပေးသည်။ ဖောင်ကြီးရွာအနီးတွင် တည်ရှိနေခြင်းကြောင့်လည်း အများပြည်သူတို့က ဖောင်ကြီးသင်တန်းဟူ၍ ခေါ်လေ့ရှိကြသည်။
Remove ads
အဆင့်ဆင့်ပြောင်းလဲလာပုံ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ကို ဗဟိုပြည်သူ့ဝန်ထမ်းကျောင်းအမည်ဖြင့် ၁၉၆၅ ခုနှစ်၊ဇန်နဝါရီလ (၁)ရက် နေ့တွင်စတင်ဖွင့်လှစ်သည်။
၁၉၇၇ ခုနှစ်၊မေလ(၅)ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်အဖြစ် အဆင့်တိုးကာ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)ဟု အမည်သတ်မှတ်သည်။ ၂
၀၁၆ ခုနှစ်၊ မေလ(၂၇)ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ဟု အမည် ပြင်ဆင်သည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် “ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy)” ကို ဖွင့်လှစ်သည်။
၂၀၂၂ ခုနှစ်၊ဇွန်လ (၁)ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ကို နိုင်ငံဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ဟု အမည် ပြောင်းလဲသည်။
Remove ads
ဖွဲ့စည်းပုံ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် အဓိကဌာနကြီးများအဖြစ် စီမံဘဏ္ဍာဌာနကြီးနှင့် သင်ကြားရေးဌာနကြီးဟူ၍ ဖွဲ့စည်းထားရှိသည်။သင်ကြားရေးဌာနကြီးတွင် ပညာဌာနကြီး(၈)ခုရှိကာ ၎င်းတို့မှာ-
- စီမံခန့်ခွဲမှုပညာဌာန
- စီးပွားရေးပညာဌာန
- နိုင်ငံရေးသိပ္ပံပညာဌာန
- လူမှုရေးသိပ္ပံပညာဌာန
- ဥပဒေပညာဌာန
- သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာန
- အင်္ဂလိပ်ဘာသာပညာဌာန နှင့်
- ကာကွယ်ရေးပညာဌာန တို့ဖြစ်သည်။
တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးနှင့်ပါမောက္ခချုပ်များ
- ဒုတိယဗိုလ်မှူးကြီးခင်ညို (ကျောင်းအုပ်ကြီး) ၁၄-၃-၁၉၆၄ မှ ၈-၁၀-၁၉၆၄
- ဒုတိယဗိုလ်မှူးကြီးခင်အုန်း (ကျောင်းအုပ်ကြီး) ၉-၁၀-၁၉၆၄ မှ ၉-၁၁-၁၉၆၇
- ဒုတိယဗိုလ်မှူးကြီးတင့်လွင် (ကျောင်းအုပ်ကြီး) ၂၁-၄-၁၉၆၈ မှ ၃၀-၇-၁၉၇၅
- ဒုတိယဗိုလ်မှူးကြီးအေးကို (ကျောင်းအုပ်ကြီး) ၃-၃-၁၉၇၆ မှ ၁၀-၆-၁၉၇၇
- နိုင်ငံတော်ကောင်စီဝင် ဦးကျော်စိုး(ဗိုလ်မှူးကြီး-ငြိမ်း) (ကျောင်းအုပ်ကြီး) ၁၁-၆-၁၉၇၇ မှ ၁၇-၉-၁၉၈၁
- ဗိုလ်ချုပ်မင်းဂေါင် (ကျောင်းအုပ်ကြီး) ၁၈-၁၁-၁၉၈၁ မှ ၁၇-၄-၁၉၈၃
- ဗိုလ်မှူးကြီးမောင်မောင် (ကျောင်းအုပ်ကြီး) ၁၈-၄-၁၉၈၃ မှ ၃၀-၉-၁၉၉၀
- ဒုတိယဗိုလ်မှူးကြီးတင်ထွန်း (ပါမောက္ခချုပ်) ၁-၁၀-၁၉၉၀ မှ ၂၂-၈-၂၀၀၀
- ဗိုလ်မှူးကြီးဝင်းမောင်(ငြိမ်း) (ပါမောက္ခချုပ်) ၂၅-၁၂-၂၀၀၀ မှ ၁၁-၃-၂၀၁၃
- ဦးညီညီစံ (ပါမောက္ခချုပ်) ၅-၄-၂၀၁၃ မှ ၃၁-၃-၂၀၁၇
- ဦးအောင်တင်စိုး (ပါမောက္ခချုပ်) ၁-၄-၂၀၁၇ မှ ၂၀-၁-၂၀၂၀
- ဦးကျော်ဝင်းဟန် (ပါမောက္ခချုပ်) ၄-၃-၂၀၂၀ မှ ၇-၄-၂၀၂၁
- ဦးဇော်ဇော်(ပါမောက္ခချုပ်)၂၁-၅-၂၀၂၁ မှ ၂၆-၆-၂၀၂၄
- ဦးကျော်ထွေး(ပါမောက္ခချုပ်)[၂] ၉-၈-၂၀၂၄ မှ လက်ရှိ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads