နိုင်ရိုဘီမြို့
From Wikipedia, the free encyclopedia
Remove ads
နိုင်ရိုဘီမြို့သည် ကင်ညာနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ မြို့နှင့် ၎င်း၏ ပတ်ဝန်းကျင်ဒေသများ စုပေါင်း၍ နိုင်ရိုဘီ ကောင်တီဟု ခေါ်ကြသည်။ နိုင်ရိုဘီဆိုသော အမည်မှာ အာဖရိကသုံး မာဆိုင်း ဘာသာစကား အင်န်ကဲ နိုင်ရိုဘီမှ ဆင်းသက်လာပြီး ရေအေးဟု အဓိပ္ပာယ်ရကာ နိုင်ရိုဘီမြစ်ကို မာဆိုင်း ဘာသာဖြင့် ခေါ်ဆိုခြင်းဖြစ်သည်။ ထိုမြစ်ကို အစွဲပြု၍ နိုင်ရိုဘီမြို့ဟု အမည်တွင်ခြင်း ဖြစ်သည်။ အခြား ထင်ရှားသော အမည်တစ်ခုမှာ နေရောင်အောက်မှ အစိမ်းရောင်မြို့ ("Green City in the Sun") ဖြစ်သည်။ နိုင်ရိုဘီမြို့သားများကို နိုင်ရိုဘီယံ ဟု ခေါ်ကြသည်။
၁၈၉၉ ခုနှစ်တွင် မွမ်ဘာဆာမှ ယူဂန္ဓာသို့ ဆက်သွယ်ထားသော ရထားလမ်းပေါ်မှ မြို့တစ်မြို့ အဖြစ် စတင် ထည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၁၉၀၇ ခုနှစ်တွင် ဗြိတိသျှ အရှေ့အာဖရိက၏ မြို့တော် ဖြစ်လာခဲ့ကာ ၁၉၆၃ တွင် လွတ်လပ်သော ကင်ညာသမ္မတနိုင်ငံ၏ မြို့တော် ဖြစ်လာခဲ့သည်။ ကိုလိုနီခေတ် ကာလတွင်းက နိုင်ရိုဘီမြို့သည် ကော်ဖီ၊ လက်ဖက်ခြောက်နှင့် နာနတ်လျှော် လုပ်ငန်းများ အတွက် အချက်အချာမြို့ ဖြစ်ခဲ့သည်။ နိုင်ရိုဘီမြို့သည် နိုင်ရိုဘီနယ် နှင့် နိုင်ရိုဘီ ဒိစတြိတ်တို့၏ မြို့တော်လည်း ဖြစ်သည်။ ကင်ညာနိုင်ငံ တောင်ပိုင်း နိုင်ရိုဘီ မြစ်ကမ်းပေါ်တွင် ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၁၇၉၅ မီတာ အမြင့်တွင် တည်ရှိသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads