နီရီး (ဂြိုဟ်ရံလ)
From Wikipedia, the free encyclopedia
Remove ads
နီရီး သည် နက်ပကျွန်းဂြိုဟ်၏ တတိယမြောက် အကြီးဆုံး ဂြိုဟ်ရံလဖြစ်ပြီး ကြီးမားသော စက်ဝိုင်းပတ်လမ်းကြောင်းရှိသည်။ ၁၉၄၉ ခုနှစ်တွင် ဂျရတ် ကိုင်းပါးမှ ဒုတိယမြောက် ရှာဖွေတွေ့ရှိခဲ့သည့် လတစ်စင်းလည်းဖြစ်သည်။ ယင်းသည် ဗွိုင်ယေဂျာ ၂ မရောက်ခင်ထိ နောက်ဆုံး တွေ့ရှိခဲ့သော ဂြိုဟ်ရံလဖြစ်သည်။[၆] နက်ပကျွန်းဂြိုဟ်အား ပျမ်းမျှ ၅၅၁၃၄၀၀ ကီလိုမီတာမှ နက်ပကျွန်း၏ လှည့်ပတ်မှုနှင့် ဆန့်ကျင်ဘက်သို့ လှည့်ပတ်လျက်ရှိသည်။[၂][၃] ဤကဲ့သို့ ပုံမှန်မဟုတ်သော ပတ်လမ်းသည် ထရီတွန် ရောက်လာပြီးမှ ကစဉ်းကလျား ဖြစ်ပွားဟန်တူသည်။[၇] ၂၀၁၆ ခုနှစ်တွင် ကပ်ပလာ အာကာသ တယ်လီစကုပ်မှ လေ့လာချက်အရ နက်ပကျွန်းအား တစ်ပတ် လှည့်ပတ်မိရန် နီရီး၏ ဂြိုဟ်ပတ်လမ်း ကြာမြင့်ချိန်မှာ ၁၁ နာရီကျော်ဖြစ်သည်။[၈]
Remove ads
မှတ်စု
- NEER-ee-id or NERR-ee-id
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads