နီလကသိုဏ်း

From Wikipedia, the free encyclopedia

နီလကသိုဏ်း
Remove ads

နီလ − အညိုကသိုဏ်း ကိုလည်း ရှေးအတိတ် နီးသောဘဝက နီလ − အညိုကသိုဏ်းကို ရဖူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ ညိုညိုမြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူ နိမိတ်ရနိင်၏။ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံကျယ်စွာ သစ်သားကို ယပ်ဝန်း၊ ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ အရိုးနှင့်တကွ ကသိုဏ်းဝန်းလုပ်၍ အညိုဆုံးဆေးကို အချောဆုံး အလှဆုံး − နေအောင်လုပ်၍ သုတ်၍ အနား၌ အညိုရောင်ကို တောက်ထစေတတ်သော အနီဖြစ်စေ၊ အဖြူဖြစ်စေ အမှတ်မရှိ တစ်ခုခု ဒန်ပူတစ်ပြား (ငွေမူးစေ့ခန့်) ဆေးမင်အနားသတ် တင်သား သုတ်လိမ်း၍ "အညို အညို" ဟု စိတ်ထဲက မှတ်၍ ကြည့်ရှု၍ နိမိတ်ယူရာ၏။

Thumb
ဗုဒ္ဓဘာသာ သင်္ကေတ

ဤအညိုကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင်ထင်၏။ ပဋိဘာဂနိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက ညိုချောပြောင်လင်းလျက် အလွန်နှစ်သက်ဖွယ် ပတ္တမြားညိုယပ်ဝန်းကဲ့သို့ ထင်၏။ ဈာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads