နေထူးနိုင်

From Wikipedia, the free encyclopedia

Remove ads

နေထူးနိုင် (၁၉၇၉−) သည် ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်သည်။ သူ၏ အက်ရှင်ဇာတ်ကားများကြောင့် ထင်ရှားသည်။ သူသည် အက်ရှင်ဇာတ်ကားများနှင့် ရာဇဝင်ကားများကိုသာ အဓိကရိုက်ကူးသည်။[]

အချက်တိုများ နေထူးနိုင်, မွေးဖွား ...

ဘဝအစ

နေထူးနိုင်ကို ၁၉၇၉ ခုနှစ် ဇန်နဝါရီ ၁ရက်နေ့တွင် ရေနံချောင်းမြို့ ၌ မွေးဖွားခဲ့သည်။[] အထက်တန်းအောင်မြင်သောအခါ စစ်တက္ကသိုလ် သို့တတ်ရောက်ရန်ပြင်ဆင်ခဲ့သော်လည်း စစ်ဆေးမှုမအောင်မြင်ခဲ့ချေ။ ထို့ကြောင့် သူသည် ရေနံချောင်းမှ ရန်ကုန်သို့ သွားရောက်နေထိုင်ခဲ့ပြီး အနုပညာအလုပ်များ စတင်ခဲ့သည်။

အလုပ်အကိုင်

နေထူးနိုင်သည် အနုပညာလောကကို အသက်၂၀ကျော် ၁၉၉၇ဝန်းကျင်တွင်အနုပညာရပ်များကို စတင်သင်သူလေ့လာခဲ့သည်။ သူ့၏ဆရာမှာ ဒါရိုက်တာ အောင်မင်းသိန်း ဖြစ်ပြီး မင်းသားဖြစ်ရန် သရုပ်ဆောင်ပညာများကိုလည်း သင်ကြားပေးခဲ့သည်။ နေထူးနိုင် ၏ ပထမဆုံး ဇာတ်ကားမှာ "ဘရုတ်" ဖြစ်သည်။ နေထူးနိုင် ဟု လူအများသိစေသော ဇာတ်ကားမှာ "အမည်မဲ့ဓား" ဖြစ်သည်။ နေထူးနိုင်သည် ဗီဒီယို ဇာတ်ကားများသာမက ရုံကြီးကားများလည်း ရိုက်ကူးပါဝင် ခဲ့သည်။ သူသည် ဗီဒီယို ဇာတ်ကားပေါင်း ရာနဲ့ချီ ရိုက်ကူးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ရုပ်ရှင် ဒါရိုက်တာ အဖြစ်ပါလုပ်ကိုင်သည်။ သူသည် "အမုန်းစရိုက် အမုန်းဝင်္ကပါ" ဇာတ်ကားတွင် ဒါရိုက်တာဖြစ်သည့်အပြင် ဇာတ်ညွှန်းကိုပါရေးသားခဲ့သည်။[] နေထူးနိုင်သည် အက်ရှင်သင်တန်းကျောင်းကို ၂၀၁၈တွင် ဖွင့်လှစ်ခဲ့သည်။[][]

Remove ads

မိသားစု

နေထူးနိုင်သည် အဆိုတော် မြသင်းချယ် နှင့်လက်ထပ်ခဲ့ပြီး သား၂ယောက်ထွန်းကားသည်။ မြသင်းချယ် သည် နေထူးနိုင်၏ ဇာတ်ကားတချို့တွင် မင်းသမီးအဖြစ်ပါဝင်ခဲ့သည်။

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads