နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

From Wikipedia, the free encyclopedia

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် (အင်္ဂလိပ်: Naypyitaw Development Bank Limited) သည် နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ရာခိုင်နှုန်းပြည့် မတည်ရင်းနှီးငွေ ထည့်ဝင်ထားသော ဘဏ်ဖြစ်ကာ[] နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ သီရိရတနာအဆင့်မြင့်ဈေးဝင်း ၊ အမှတ် (၀၉) သီရိကျော်စွာလမ်းတွင် ဘဏ်ရုံးချုပ်ဖွင့်လှစ်ထားသည်။ ယခင်က နေပြည်တော်စည်ပင်ဘဏ်လီမိတက်အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့သော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏  ခွင့်ပြုချက်အရ နေပြည်တော် စည်ပင်ဘဏ်လီမိတက် (Naypyitaw Sibin Bank Limited) မှ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်(Naypyitaw Development Bank Limited) အမည်သို့ ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်နေ့တွင် ပြောင်းလဲခဲ့သည်။[]

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်
Naypyitaw Development Bank Limited (NDB)
အမျိုးအစားနေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင်
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၂၈ ဖေဖော်ဝါရီ ၂၀၁၃
ဌာနချုပ်နေပြည်တော်  မြန်မာ
ဝက်ဘ်ဆိုက်naypyitawbank.com
ပိတ်ရန်

ဘဏ်သမိုင်းကြောင်း

၂၀၁၃ ခုနှစ်တွင် နေပြည်တော်စည်ပင်ဘဏ်လီမိတက်အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ဥတ္တရသီရိဘဏ်ခွဲကို ပထမဦးဆုံးဘဏ်ခွဲအဖြစ် ဖွင့်လှစ်ခဲ့သည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ ခွင့်ပြုမတည်ခွင့်ပြုငွေရင်း (Authorized Capital) ၏ မူလ ခွင့်ပြုငွေမှာ ကျပ်သန်း(၅,၀၀၀) ဖြစ်သည်။ ၂၀၁၃ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထည့်ဝင်ပြီး မတည်ငွေရင်း (Paid up Capital) အား ကျပ်သန်း (၂,၀၀၀) ဖြင့် စတင်ဆောင်ရွက်ခဲ့သည်။ ဗဟိုဘဏ်၏ ၂၀၁၅- ၂၀၁၆ ခွင့်ပြုချက်အရ ဘဏ်၏ ထည့်ဝင်ပြီးမတည်ငွေရင်း (Paid up Capital) ကို ကျပ်သန်း(၂၀,၀၀၀)အထိ တိုးမြှင့်ထည့်ဝင်ထားသည်။[] နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဇမ္ဗူသီရိဘဏ်ခွဲကို ဖွင့်လှစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် နောက်ဆုံးစာရင်းများအရ  ဇမ္ဇူသီရိဘဏ်ခွဲ၊ ဥတ္တရသီရိဘဏ်ခွဲ၊ သပြေကုန်းဘဏ်ခွဲ၊[] မြို့မဈေးဘဏ်ခွဲ၊ အာဟာရသုခဈေးဘဏ်ခွဲ၊ ပျဉ်းမနားဘဏ်ခွဲ၊ တပ်ကုန်းဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ၊ လယ်ဝေးဘဏ်ခွဲနှင့် ရန်ကုန်ဘဏ်ခွဲဟူ၍ ဘဏ်ခွဲ ၁၀ ခုအထိ ဖွင့်လှစ်ထားသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.