နေရောင်ခြည်
နေမှထွက်သော လျှပ်စစ်သံလိုက်ရောင်ခြည်ဖြာထွက်မှု From Wikipedia, the free encyclopedia
Remove ads
နေရောင်ခြည်သည် အဓိကအားဖြင့် အနီအောက်ရောင်ခြည်၊ မြင်နိုင်သောအလင်းနှင့် ခရမ်းလွန်ရောင်ခြည်စသည့် နေမှထွက်လာသော လျှပ်စစ်သံလိုက်ဖြာထွက်မှု၏ တစိတ်တပိုင်းဖြစ်သည်။ ကမ္ဘာ့လေထုကို ဖြတ်သန်းသွားသောကြောင့် နေရောင်ခြည်သည် စစ်ထုတ်၊ ပြန့်ကျဲသွားသည်။ နေသည် မိုးကုတ်စက်ဝိုင်း အပေါ်တွင် ရောက်ရှိပါက သိသာသည်။ နေရောင်ခြည်ဖြာထွက်မှုကို တိမ်များဖြင့် မကာဆီးထားပါက နေရောင်တောက်ပမှုနှင့် အပူရှိန်ကို ခံစားရသည်။ တိမ်များဖုံးကွယ်ပါက သို့မဟုတ် အခြားအရာဝတ္ထုများကြောင့်ရောင်ပြန်ဟပ်သွားပါက နေရောင်ခြည်သည် အားပျော့သွားသည်။ တစ်ကမ္ဘာလုံးရှိ ၁ စတုရန်းမီတာတိုင်းတွင် ၁၆၄ ဝပ်နှင့်ညီမျှသော စွမ်းအင်ကို ၂၄ နာရီအတွင်း နေရောင်ခြည်က ပေးစွမ်းနိုင်သည်ဟုဆိုသည်။[၁] နေရောင်ခြည်ရှိ ခရမ်းလွန်ရောင်ခြည်ဖြာထွက်မှုသည် ကျန်းမာရေးအတွက် ကောင်းကျိုးဆိုးကျိုး ၂ မျိုးစလုံးရှိသည်။ ယင်းသည် ဗီတာမင်ဒီ လိုအပ်ချက်နှင့် ဗီဇပြောင်းလဲမှုတို့အတွက် အထောက်အကူပေးသည်။
အမေရိကန်ပြည်ထောင်စုရှိ မတူညီသောပြည်နယ်မှ နေထွက်ချိန် (အပေါ်ပုံ) နှင့် နေဝင်ချိန်
နေရောင်ခြည်သည် နေမှ ကမ္ဘာမြေသို့ရောက်ရှိရန် ၈.၃ မိနစ် အချိန်ယူရသည်။[၂] နေ၏အလယ်ဗဟိုမှ စတင်ထွက်ခွာလာသည့် ဖိုတွန်တစ်ခုသည် ဓာတ်ပြုအမှုန်တစ်ခုနှင့် ဆုံတွေ့ချိန်တိုင်း နေ၏မျက်နှာပြင်သို့ ရောက်ရှိရန် နှစ်ပေါင်း ၁၀၀၀၀ မှ ၁၇၀၀၀၀ ကြား ကြာမြင့်သည်ဟုဆိုသည်။[၃] နေရောင်ခြည်သည် အပင်နှင့် အခြားသက်ရှိများအတွက် အလွန်အရေးပါသည်။ အပင်များသည် ဖိုတိုဆင်သဆစ်ကို အသုံးပြု၍ နေရောင်ခြည်စွမ်းအင်မှ ဓာတုစွမ်းအင်အဖြစ် ပြောင်းလဲပေးကာ ဇီဝသက်ရှိများ၏ လုပ်ငန်းဆောင်တာများကို ထောက်ပံ့ကူညီပေးသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads