နေဝသညာနာသညာယတန
From Wikipedia, the free encyclopedia
Remove ads
နေဝသညာနာသညာယတနဘုံ ဆိုသည် နေဝသညာနာသညာယတန ဝိပါက် နာမက္ခန္ဓာတရားလေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရားလေးပါးနှင့် ပိုင်းခြားထားသည့် ကောင်းကင်အရပ်ကို ခေါ်သည်။ အာကိဉ္စ ညာယတနဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ နေဝသညာနာသညာယတနဘုံဟု ဆိုသော်လည်း ပုံသဏ္ဌာန်အထင်အရှားမရှိပေ။ နေဝသညာနာသညာယတနဘုံကို သိလွယ်အောင် ပုံသဏ္ဌာန်ဖြင့် ဖော်ပြရလျှင် ဝိုင်းဝိုင်းဝန်းဝန်း ဝ-အက္ခရာ ကွင်းပြီးရေးသားဖော်ပြသင့်သည်။
သဒ္ဒါကျမ်းပြုဆရာ အရှင်အနုရုဒ္ဓာထေရ်က `အရူပဘူမိ'ဟု ဘူမိသဒ္ဒါနှင့် အသုံးပြုထားသည်ကို တွေ့ရသည်။ နေဝသညာနာသညာယတနဘုံတွင် ရူပက္ခန္ဓာ မရှိ၊ နာမ်ခန္ဓာ သက်သက်ဘဲရှိ၍ ဘုံမခေါ်ဆိုနိုင်၊ ဘုံမမည်နိုင်ဘူးဟု အယူမှားများ မဝင်ရအောင် ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း ဖြစ်သည်။ ဘုံဗိမာန်တွေမရှိ၍ ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း မဟုတ်ပေ။
နေဝသညာနာသညာယတနဘုံတွင် တိဟိတ်ပုထုဇဉ်တစ်ယောက်နှင့် သောတာပတ္ထိမဂ္ဂဌာန် ပုဂ္ဂိုလ်ကြဉ်တဲ့ အရိယာပုဂ္ဂိုလ် (၇)ယောက်ရသည်။ ထိုဘုံသို့ ရောက်လာသော ပုဂ္ဂိုလ်များသည် တခြားဘုံသို့ မပြောင်းတော့ဘဲ ထိုဘုံမှာပင် ပရိနိဗ္ဗာန်စံသည်။ နေဝသညာနာသညာယတနဘုံကို ရောက်လာသော ပုဂ္ဂိုလ်များသည် နေဝသညာနာသညာယတနဈာန်ကို ရကြသည်။ ထိုဈာန်ကို ရရန်အတွက် အာကိဉ္စညာယတန ခေါ်သော ဈာန်စိတ်ကို သန္တမေတံ၊ ပဏီတမေတံ ဟု အဖန်ဖန် ကမ္မဋ္ဌာန်း စီးဖြန်းကြရသည်။
နေဝသညာနာသညာယတနဘုံ၏ ပဋိသန္ဓေစိတ်သည် နေဝသညာနာသညာယတန ဝိပါက်စိတ်ဖြစ်သည်။ ဝိညာဏဉ္စာယတနဘုံရှိ ဗြဟ္မာများသည် သက်တမ်းအားဖြင့် ကမ္ဘာ ရှစ်သောင်း အသက်ရှည်သည်။ ဝိညာဏဉ္စာယတနဘုံသည် ကမ္ဘာ ကြီးပျက်သည့် အထဲတွင် မပါဝင်ပေ။
နေဝသညာနာသညာယတနဘုံသည် ၃၁-ဘုံ၏ နောက်ဆုံးဘုံဖြစ်သည်။ အမြင့်ဆုံး ဘုံဖြစ်သည်။ လူပြည်မှ ယူဇနာ ၇ ကုဋေ၊ ၁ သန်း၊ ၈ သိန်း၊ ၅ သောင်း၊ ၆ ထောင် ဝေးကွာသည်။ [၁]
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads