နော်ဖောကျွန်း

From Wikipedia, the free encyclopedia

Remove ads

နော်ဖောကျွန်း (အင်္ဂလိပ်: Norflk Island) သည် ဩစတေးလျနိုင်ငံ၏ နယ်နိမိတ်ပြင်ပမြေဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း နယူးဇီလန်နှင့် နယူးကလီဒိုနီးယား (ပြင်သစ်ပိုင် နယ်နိမိတ်ပြင်ပမြေ) အကြားတွင် ရှိသည်။ ဩစတေးလျ၏အရှေ့ဘက်ရှိ အီဗန်ဟတ်မြို့မှ ၈၇၇ မိုင်အကွာ၊ လော့ဟောင်ဝီကျွန်းမှ ၅၆၀ မိုင်အကွာတွင် ဖြစ်သည်။ အနီးရှိ ဖိလစ်ကျွန်း၊ နပျံကျွန်းတို့နှင့် ပေါင်းကာ သုံးကျွန်းစု၍ နော်ဖောကျွန်းနယ်မြေ ခေါ်၏။ [] ၂၀၁၆ ခု၊ သန်းခေါင်စာရင်းအရ ၃၅ ကီလိုမီတာ (၁၄ စတုရန်းမိုင်) ကျယ်သော ဤဧရိယာတွင် လူ ၁၇၄၈ ယောက် နေသည်။ [] မြို့တော်မှာ ကင်းစတန် ဖြစ်၏။

သိထားသမျှတွင် ပထမဆုံးနေသူတို့မှာ အရှေ့ပိုနီးသျှန်းသားများ ဖြစ်၏။ ၁၇၈၈ ခုတွင် ဩစတေးလျသို့ ဗြိတိသျှတို့ ရောက်လာသည်နောက် ထိုကျွန်းမြေမှ စွန့်သွားကြသည်။ ဗြိတိန်၏ ကိုလိုနီမြေအဖြစ် ၁၇၈၈ ခု၊ မတ်လ ၆ ရက်တွင် တရားဝင်စာရင်းထည့်သော်လည်း ၁၈၅၅ ခု၊ မေလ ၅ ရက် မတိုင်မီအထိ လူနေခြင်း မရှိသေး။ [][] ကုန်းပတ်သူပုန်တို့ကို ပစ်ကိန်းကျွန်းမှ နော်ဖောကျွန်းသို့ ရွှေ့သည်နောက် ၁၈၅၆ ခု၊ ဇွန်လ ၈ ရက်တွင် အမြဲတမ်းနေသူဟူ၍ ရှိလာသည်။ ၁၉၁၄ ခုတွင် ယူနိုက်တက်ကင်းဒမ်းက နော်ဖောကျွန်းကို ဩစတေးလျအား နယ်နိမိတ်ပြင်ပရှိ အုပ်ချုပ်ခံမြေအဖြစ် လွှဲသည်။ []

နော်ဖောထင်ရှူးပင်မှာ ကျွန်း၏အမှတ်အသား ဖြစ်ပြီး အလံတွင်လည်း ထည့်သရုပ်ဖော်ထား၏။ ထင်ရှူးသည် ကျွန်း၏ အဓိကထွက်ကုန်လည်း ဖြစ်သည်။ အလှစိုက်ပင်အဖြစ် ဩစတေးလျက အဓိကဝယ်၏။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads