နော်ဘူဘောဆုတောင်းတောင်

From Wikipedia, the free encyclopedia

နော်ဘူဘောဆုတောင်းတောင်map
Remove ads

နော်ဘူဘောဆုတောင်းတောင် သည် ကရင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး သံတောင်ကြီးမြို့တွင် တည်ရှိသည်။[][]

အချက်တိုများ နော်ဘူဘောဆုတောင်းတောင်, အမြင့်ဆုံးအမှတ် ...

အသွင်အပြင်

နော်ဘူဘောတောင်သည် ကရင်ပြည်နယ်၏ အမြင့်ဆုံးတောင်များထဲတွင် ပါဝင်ပြီး တောင်ပေါ်မှ လတ်ဆတ်သော‌လေကို ရှူရှိုက်ရင်း သဘာဝပတ်ဝန်းကျင်အလှအပရှုခင်းများကို ခံစားနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၈၂၄ ပေအမြင့်တွင် တည်ရှိသည်။ တောင်ပေါ်သို့ တက်ရောက်ရာတွင် လှေကားထစ်ပေါင်း ၃၇၄ ထစ်ကို တက်ရသည်။

နော်ဘူဘောင်တောင်သို့ လာရောက်ကြသည့် ခရီးသွားများသည် အမျိုးမျိုးသော တောင်းဆုများကို ပြုကြသည်။[][]

တောင်၏ အမည်

တောင်၏ အမည်မှာ ဒဏ္ဍာရီထဲမှ ကရင်တိုင်းရင်းသူ "နော်ဘူဘော" ဟု အမည်ကို အစွဲပြု၍ ခေါ်ရာမှ ဖြစ်ပေါ်လာသည်။ တောင်ပေါ်သို့ တက်သည့် လှေကားထစ်များအနီးတွင် ဆုတောင်းသည့် အခန်းငယ်များ ရှိသည်။

တောင်ထိပ်ပေါ်တွင် ကရင်တိုင်းရင်းသူလေး နော်ဘူဘော၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ နော်ဘူဘောအား တရားစီရင်ခဲ့သည့်နေရာ၊ နေဘူဘောရေချိုးဆိပ်စသည့် နေရာများကိုလည်း လေ့လာကြည့်ရှုနိုင်သည်။[][]

လမ်းပန်းဆက်သွယ်ရေး

တောင်ငူမှ သံတောင်ကြီးမြို့သို့ ၂၈ မိုင်ခရီး သွားရ၏။ ထိုသို့ သွားရောက်ရာတွင် ၁၃ မိုင်မှ စတင်ကာ တောင်တက်ခရီး ဖြစ်သည်။ တောင်ပေါ်သို့ ခြေလျင်ခရီး ၄ မိုင် တက်ရသည်။ တောင်ခြေတွင် ယာဉ်များရပ်နားရန်နေရာ ရှိသည်။[][]

ဝန်ဆောင်မှုများ

ခရီးသွားများအတွက် ညအချိန်တည်းခိုရန်အတွက် ၁၅၀၀ ကျပ်သာ ကုန်ကျသည်။ ထမင်းတစ်နပ်အတွက် ၂၀၀၀ ကျပ် ကုန်ကျသည်။ နိုင်ငံခြားခရီးသွားများအနေနှင့်မူ သံတောင်ကြီးမြို့တွင်သာ တည်းခို၍ နော်ဘူဘောတောင်သို့ လာရောက်လည်ပတ်ကြသည်။[][]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads