နွယ်စိုး

From Wikipedia, the free encyclopedia

နွယ်စိုး
Remove ads
နွယ်စိုး
Thumb
မွေးသက္ကရာဇ် ၁၉၁ဝ ပြည့်နှစ် ဧပြီ ရ ရက်နေ့
အမည်ရင်း မျိုးမင်း
နို်င်ငံ မြန်မာ
မိဘအမည် ဦးဘိုးမင်း + ဒေါ်စောနု
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ကလောင် အမည်ခွဲများ
အလုပ်အကိုင် စာရေးဆရာ၊
မွေးဖွားရာဒေသ ရန်ကုန်မြို့
ထင်ရှားကျော်ကြားမှု
Thumb
Selected Works of Nwe Soe, a 2010 collection of his notable works

နွယ်စိုး [၁၉၁ဝ - ၁၉၉၅]

ရန်ကုန်မြို့တွင် အဖ အငြိမ်းစား ဒုတိယ အရေးပိုင် ဦးဘိုးမင်း၊ အမိ ဒေါ်စောနု တို့က ၁၉၁ဝ ပြည့်နှစ် ဧပြီ ရ ရက်နေ့တွင် ဖွားမြင် ခဲ့သည်။ မွေးချင်း လေးယောက်တွင် အငယ်ဆုံး ဖြစ်၍ အမည်ရင်းမှာ ဦးမျိုးမင်း ဖြစ်သည်။


မူလတန်း ပညာကို လှည်းကူး၊ ရန်ကုန်၊ ကျိုက်လတ်၊ မြောင်းမြ၊ မအူပင် မြို့များတွင် သင်ယူ ခဲ့သည်။ ငါးတန်းမှ စ၍ ရန်ကုန် စိန်ဂွ္ဆန်း ကျောင်းတွင် ဆည်းပူး ခဲ့သည်။ ၁၉၂၆ တွင် ဆယ်တန်း အောင်ပြီး၊ ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ခဲ့သည်။ ၁၉၃၁ တွင် ဝိဇ္ဇာ အင်္ဂလိပ်စာ ဂုဏ်ထူးတန်း အောင်ခဲ့သည်။ ၁၉၃၁ - ၃၃ တွင် လန်ဒန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ယူ ခဲ့သည်။ ၁၉၃၆ တွင် ဥပဒေ ဘွဲ့နှင့် ၁၉၄၇ တွင် မဟာဝိဇ္ဇာဘွဲ့ ရခဲ့သည်။


ဘင်္ဂါလီ အကယ်ဒမီတွင် မြန်မာစာ ဆရာ (၁၉၃၃)၊ 'ဈေးနှုန်း' သတင်းစာ ကြော်ငြာ မန်နေဂျာ (၁၉၃၄)၊ ရန်ကုန် တက္ကသိုလ်တွင် အချိန်ပိုင်း အင်္ဂလိပ်စာ နည်းပြ (၁၉၃၄ - ၃၆)၊ 'နယူး ဘားမား' သတင်းစာ စေတနာ့ ဝန်ထမ်း လက်ထောက် အယ်ဒီတာနှင့် ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ဌာန လက်ထောက် ကထိက (၁၉၃၆)၊ ပဲခူးတွင် ဝန်ထောက် (၁၉၄၃)၊ နိုင်ငံခြားရေး ရုံးတွင် အတွင်းဝန် (၁၉၄၃-၄၄)၊ ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ဌာနမှူး (၁၉၄၄)၊ အရေးပေါ် တက္ဗသိုလ် အင်္ဂလိပ်စာ ကထိက (၁၉၄၅ - ၄၉)၊ အင်္ဂလိပ်စာ ဌာန ပါမောက္ခ (၁၉၄၉ - ၅၅)၊ ၁၉၅၅ - ၅၇ တွင် အချိန်ပိုင်း အင်္ဂလိပ်စာ ပါမောက္ခ၊ မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်း မြန်မာ့ စွယ်စုံကျမ်း စာမူ တာဝန်ခံနှင့် အရောင်း ဌာနမှူး၊ ဝန်ကြီးချုပ်၏ အတွင်းဝန် (၁၉၅၇ - ၅၈)၊ ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခ (၁၉၅၈ - ၆၇)၊ ၁၉၆၇ မှစ၍ ပညာရေး အရာရှိ စသည်ဖြင့် အမှု ထမ်းခဲ့သည်။ ၁၉၇၅ တွင် အငြိမ်းစား ယူခဲ့သည်။


လူငယ်များ ကြီးပွားရေး အသင်း အတွင်းရေးမှူး (၁၉၃၄ - ၃၅)၊ ပညာ ပြန့်ပွားရေး အသင်း ဘဏ္ဍာရေးမှူး (၁၉၃၄)၊ ကျေးလက် ပြုပြင်ရေး အဖွဲ့ ကော်မတီ လူကြီး (၁၉၃၅ - ၄၂)၊ တက္ကသိုလ် သမဝါယမ အသင်း ဒုတိယ ဥက္ကဋ္ဌ (၁၉၃၆ - ၄၁)၊ ဂန္ဈလောက အတွင်းရေးမှူး (၁၉၃၆ - ၃၈ နှင့် ၁၉၄၁)၊ ဇီဝိတဒါန ဆေးရုံ အတွင်းရေးမှူး (၁၉၃၇ - ၃၈)၊ ဘားနဒ် ပိဋကတ်တိုက် အတွင်းရေးမှူး (၁၉၃၈ - ၄၂)၊ တက္ကသိုလ် သမဝါယမ အသင်း ဥက္ကဋ္ဌ (၁၉၄၃ - ၄၄)၊ ၁၉၄၆ တွင် မြန်မာ နိုင်ငံ သုတေသန အသင်း အတွင်းရေးမှူး၊ ထို့နောက် အယ်ဒီတာ၊ ထို့နောက် ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံ ဘာသာပြန် စာပေ အသင်း အဖွဲ့ဝင် လူကြီး၊ ပညာရေး စုံစမ်းမှု ကော်မတီ အတွင်းရေးမှူး (၁၉၅၄ - ၅၈)၊ မြန်မာ သမိုင်း ကော်မရှင် အဖွဲ့ဝင်နှင့် ပညာရေး တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ကော်မတီ နာယက (၁၉၇ဝ - ရ၄) စသည့် တာဝန်များကို ယူခဲ့သည်။ အိန္ဒိယ နိုင်ငံ သိပ္ပံ ပညာ နှီးနှော ဖလှယ်ပွဲသို့ ရန်ကုန် တက္ကသိုလ် ကိုယ်စားလှယ် (၁၉၅ဝ)၊ အမေရိကန် ပြည်ထောင်စု မီချီဂန် တက္ကသိုလ်သို့ ပညာတော်သင် (၁၉၅၁ - ၅၂)၊ အိန္ဒိယ နိုင်ငံလုံး ဆိုင်ရာ တက္ကသိုလ်များ ကွန်ဖရင့်သို့ ရန်ကုန် တက္ကသိုလ် ကိုယ်စားလှယ် (၁၉၅၃)၊ ထို့ပြင် အမေရိကနှင့် ဥရောပသို့ ပညာရေး မစ်ရှင် ခေါင်းဆောင် အဖြစ် သွားရောက် ခဲ့သည်။


၁၉၂၇ တွင် လူငယ်များ ကြီးပွားရေး အသင်းထုတ် စာစောင်များ၌ စာ စတင် ရေးသား ခဲ့သည်။ ၁၉၃၄ ခု ကြီးပွားရေး မဂ္ဂဇင်းတွင် "မအူပင်" ဆောင်းပါးကို 'နွယ်စိုး' ကလောင် အမည်ခံ၍ စ ရေးခဲ့သည်။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ကွ္ဆမ်းကျင်သည်။ မြန်မာစာ ကိုလည်း လင်္ကာ၊ စကားပြေ နှစ်ထွေ နိုင်နင်းသူ ဖြစ်သည်။ ရသဟန် အဖွဲ့အနွဲ့တွင် ဟာသ စွက်၍ ရေးသား တတ်သည်။ ထို့ကြောင့် ဝတ္ထုတို၊ ဆောင်းပါး၊ ရသ စာတမ်းငယ် (အက်ဆေး) များ သာမက ကဗျာများ ကိုလည်း ရေးခဲ့သည်။ စိမ်းလန်းသော တောင်ကုန်းများ၊ ကုသိုလ်ဆက် (၁၉၃၆) စသည့် ရသ စာတမ်း ငယ်များ၊ ရန်ကုန် ဆိပ်ကမ်း၊ တဝက်တပျက်၊ တိရစာ္စန်ရုံ၊ ကမာရွတ် စသည့် ကဗျာများ၊ စက်မှု ကိရိယာ၊ အညာကြိုက်၊ စေတနာရှင်၊ ကံ. .... ကံ (Max Beerbohm ၏ ဝတ္ထု တပုဒ်ကို မှီးသည်) စသည့် ဝတ္ထုတိုများ၊ စာပေ အဖွင့် ပုံသစ် လောင်းသင့်ပြီ၊ ဝတ္ထုတို နိဒါန်း (ခင်နှင်းယု၏ ကြေးမုံရိပ်သွင် ဝတ္ထုတိုများ [၁၉၆ဝ] စာအုပ်တွင် ပါဝင်သည်) စသည့် ရသ စာပေ ရေးရာ၊ ဝတ္ထု ရေးရာ အယူအဆ ဆောင်းပါးများ၊ ကမာ္ဘ့ ယဉ်ကျေးမှု၊ မြန်မာ့ ဦးစွန်း၊ ဗမာ့ ယဉ်ကျေးမှု၊ ဗမာ့ အကပညာ စသည့် ယဉ်ကျေးမှု မိတ်ဆက် ဆောင်းပါးများသည် အင်္ဂလိပ်စာ ပါမောက္ခ တဦး၏ မြန်မာစာ၊ မြန်မာ စကား၊ မြန်မာ ယဉ်ကျေးမှု ချစ်ခင် ကွ္ဆမ်းဝင်ခြင်း ပြယုဂ်များပင် ဖြစ်သည်။ နိုင်ငံရေးနှင့် အချစ်လေးပါး (၁၉၄၆) ဝတ္ထုတိုများ စာအုပ်ကို ထုတ်ဝေ ခဲ့သည်။ အမည်ရင်း ဦးမျိုးမင်းဖြင့် Archway English Course (၁၉၅၇) နှင့် အင်္ဂလိပ်စာ သင်ကြားရေး (၁၉၅၉) တို့ကိုလည်း ရေးခဲ့သည်။ 'မြင့်ဝင်း' ကလောင် အမည်ဖြင့်လည်း ရေးခဲ့ ဖူးသည်။ ဝဏ္ဏ ကျော်ထင်ဘွဲ့ (၁၉၅၄)နှင့် သီရိ ပျံချီဘွဲ့ (၁၉၆၁) ချီးမြှင့် ခံရသည်။

Remove ads

ဘဝနိဂုံး

၁၉၉၅ ခု စက်တင်ဘာ ၂၁ ရက်နေ့တွင် ကွယ်လွန် ခဲ့သည်။[]


စာညွှန်း

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads