နွယ်တမယ်တံတား

From Wikipedia, the free encyclopedia

Remove ads

နွယ်တမယ်တံတား သည် မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်ဆင်ဖြူကျွန်းမြို့ ရှိ မင်းဘူး ဆင်ဖြူကျွန်း ဆိပ်ဖြူ ကားလမ်းပေါ်တွင် တည်ရှိသော စလင်းချောင်းခေါ် ဆင်ဖြူကျွန်းချောင်း ကို ဖြတ်သန်းဖောက်လုပ်ထားသောတံတားတစ်စင်းဖြစ်သည်။ ဆင်ဖြူကျွန်းမြို့ပေါ်နှင့် နွယ်တမယ်ရွာကို ဆက်သွယ်ပေးပြီး ဒေသတွင်း သွားလာရေးသာမက ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိသောကြောင့် သွားရေးလာရေးအတွက် အရေးပါသောတံတားဖြစ်သည်။

အချက်တိုများ နွယ်တမယ်တံတား ဆင်ဖြူကျွန်းမြို့, ကိုဩဒိနိတ် ...

ယခင်အသုံးပြုခဲ့သော တံတားဟောင်းမှာ ၁၉၉၅ ခုနှစ်တွင် တည်ဆောက်ခဲ့သော တံတားဖြစ်ပြီး အရှည်ပေ ၁၀ဝ၀၊ ယာဉ်သွားလမ်းအကျယ် ၁၂ ပေခွဲ တစ်လမ်းသွား သံဘောင်သုံးခုပါ ဘေလီတံတားအမျိုးအစားဖြစ်၍ ယာဉ်သွားလမ်းကျဉ်းမြောင်းပြီး အချက်ပြမီးစနစ်ဖြင့် တစ်စီးပြီးမှ တစ်စီး သွားလာနေသဖြင့် တံတားသစ်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။[]

တံတားကို အရှည် ၁၄၂၀ ပေ၊ အကျယ် ၃၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း အကျယ် ၃ ပေနှစ်ဖက်ပါ၊ အောက်ခံအုတ်မြစ် 1.5m Bored Pile တံတားကိုယ်ထည် သံကူကွန်ကရစ် ကမ်းကပ်ခုံနှင့်ရေလည်တိုင်၊ တံတားအပေါ်ထည် 100’ PC Girder သံကူကွန်ကရစ် ကြမ်းခင်းနှင့် လက်ရန်းတို့ပါဝင်ကာ ခွင့်ပြုယာဉ်အလေးချိန် ခံနိုင်ဝန်အားတန်ချိန် ၆၀ ၊ တံတားခန်းဖွင့် ၁၀ဝ ပေ (၁၀) ခန်း၊ ၆၀ ပေ (၇) ခန်းဖြင့် တည်ဆောက်ထားသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads