နွေဦး
ရာသီဥတု From Wikipedia, the free encyclopedia
Remove ads
နွေဦးရာသီသည် သမပိုင်းရာသီ လေးခုအနက်မှ တစ်ခုဖြစ်ပြီး ဆောင်းရာသီပြီး နွေရာသီမရောက်မီကာလဖြစ်သည်။ နွေဦးကာလအတွက် နည်းပညာဆိုင်ရာ ဖွင့်ဆိုချက်များသည် ဒေသများကိုလိုက်၍ ထိုဒေသ၏ ရာသီဥတု၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံအရ ကွာခြားကြသည်။ မြောက်ကမ္ဘာခြမ်းတွင် နွေဦးကာလရောက်ရှိနေချိန်၌ တောင်ကမ္ဘာခြမ်းတွင် ဆောင်းဦးကာလ အပြန်အလှန်အားဖြင့် ဖြစ်ပေါ်နေသည်။ နွေဦးနေ့ညညီချိန်တွင် နေ့တာသည် ၁၂ နာရီခန့် ရှည်လျားပြီးနောက် ထိုနေ့မှစ၍ ရာသီကုန်ဆုံးလာသည်နှင့်အမျှ တစ်ရက်ပြီးတစ်ရက် နေ့တာသည် ရှည်လျားလာသည်။

ဤရာသီကို ရည်ညွှန်းသော နွေဦး၊ နွေဦးကာလဟုသော စကားရပ်တို့သည် အသစ်တဖန်မွေးဖွားခြင်း၊ အားသစ်လောင်းခြင်း၊ အသစ်တဖန်ဖြစ်ခြင်း၊ ရှင်သန်ထမြောက်ခြင်း၊ ပြန်လည်တိုးပွားခြင်းစသော သဘောသဘာဝတို့အား ဖော်ညွှန်းသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
