ပကူးလူမျိုး
From Wikipedia, the free encyclopedia
Remove ads
စကောကရင်(စဝှော်) မျိုးကွဲတွင် ပါဝင်သော ပကူးကရင် အမျိုးသားများသည် တောင်ငူခရိုင်၊ သံတောင်မြို့နယ်၊ မော်ချီမိုင်းဒေသ၊ ဘောဂလီ၊ စစ်စီးတောင်နှင့် ပြောင်သိုအရပ်များတွင် နေထိုင်ကြသည်။
စကောကရင်(စဝှော်) မျိုးကွဲတွင် ပကူး၊ မောနေပွာ၊ တလေပွာ ကရင်အုပ်စုဝင်များ ပြောဆိုကြသော ဘာသာစကားများမှာ စကောကရင်(စဝှော်) စကားများနှင့် အရင်းအမြစ်ခြင်း တူသည်။ ဝါကျဖွဲ့စည်းပုံ၊ ကံ၊ ကတ္တား၊ ကြိယာ အထားအသို အစီအစဉ်များ တူညီကြသည်။ ရိုးရာဓလေ့များတွင်လည်း မကွာခြားပေ။ သို့ရာတွင် ဒေသစွဲ အစွဲအလန်းကြီးသူများ ဖြစ်ကြသဖြင့် မိမိတို့အုပ်စုကို သီးခြားမျိုးကွဲ အုပ်စုဟူ၍ ယူဆကြသည်။ ဒေသကို အစွဲပြု၍ လူမျိုး၏ အမည်နာမကို ခေါ်ကြသည်။
၁၉၂၁-ခု မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ စကောကရင်အုပ်စုတွင် စကော၊ ပကူး၊ ဝေဝေါ၊ မောနေပွာ ဟူ၍ ဖော်ပြထားသည်။ တလေပွာ အုပ်စုကို သီးခြား မဖော်ပြပေ။ သို့ရာတွင် ဝေဝေါ အုပ်စုသည် ဘာသာစကားအရလည်းကောင်း၊ လူမှုရေးရာအရလည်းကောင်း သီးခြားတည်ရှိနေသော အုပ်စုမဟုတ်ချေ။ ယင်းတို့မှာ ပကူး၊ မောနေပွာနှင့် တလေပွာများပင်ဖြစ်ပြီး ကျေးရွာအတည်တကျမရှိဘဲ တောင်ယာခုတ်ရင်း တစ်နှစ်တစ်ကြိမ် ရွှေ့ပြောင်းနေထိုင်ကြသူများ ဖြစ်ကြသည်။
ကရင်ဘာသာ စကားအားဖြင့် ဝေဝေါ စကားလုံးမှာ လှည့်လည်နေထိုင်သော လူမျိုးဟု အဓိပ္ပာယ်ရပေသည်။ ထို့ကြောင့် ဝေဝေါမှာ လူမျိုးကွဲကို ခေါ်သောအမည်မဟုတ်ဘဲ တောင်ယာလုပ်ခင်းအလိုက် လှည့်လည်နေထိုင်သူ ပကူးကရင်အမျိုးသားများသာ ဖြစ်ကြသည်။
ပကူးကရင်အမျိုးသားများ၏ ဝတ်စားဆင်ယင်ပုံမှာ အစင်းအနည်းငယ်ပါသော သင်တိုင်းအဖြူရောင်၊ ဘောင်းဘီအနက်၊ နက်ပြာခေါင်းပေါင်းနှင့် လွယ်အိပ်များကို ဆင်မြန်းကြသည်။ အမျိုးသမီးများသည် သင်တိုင်းကို ခါးပတ်အနက်ရောင် ပန်းဖော်နှင့် ထဘီအနက်ရောင်၊ ခေါင်းစီးပဝါများကို ဝတ်ဆင်ကြသည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads