ပခုက္ကူ တိပိဋကဆရာတော်
From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံ သာသနာဝင်တွင် ဒုတိယ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပခုက္ကူ၊ တိပိဋကဆရာတော် အမည်ဖြင့် ထင်ရှားသည်။ သာမဏေဘဝ ကပင် ပခုက္ကူ၊ မဟာဝိသုတာရာမဆရာတော်များ ချီးမြှောက်မှုဖြင့် နိကာယ်ငါးရပ်ကို ကျမ်းပေါက်သင်ယူခဲ့ရာ ရဟန်း ၄ ဝါရတွင် အစိုးရ ပထမပြန် ငယ်၊ လတ်၊ ကြီးနှင့် ဓမ္မာစရိယ စာချတန်းအောင်ပြီး သာသနဓဇ သီရိပဝရ ဓမ္မာစရိယ သိရောမဏိဘွဲ့ ဆက်ကပ်ခံရသည်။ ရဟန်း ၅ ဝါရတွင် ပခုက္ကူ မဟာဝိသုတာရာမ စာချ၊ ဆဋ္ဌသင်္ဂါယနာ ပဋိဝိသောဓက တာဝန်ပေးအပ်ခံရသည်။ ရဟန်း ၈ ဝါရ ၁၉၅၅ ခုနှစ် ၇-ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲ၌ ဝိနယပိဋက အာဂုံနှင့်ရေးဖြေတွင် ဂုဏ်ထူး ၂ ဆင့်ဖြင့် ဝိသိဋ္ဌ ဝိနယဓရ၊ မဟာဝိနယ ကောဝိဒဘွဲ့။ ၁၉၅၆ ခုနှစ် ၈-ကြိမ်မြောက်နှင့် ၁၉၅၇ ခုနှစ် ၉-ကြိမ်မြောက် ရွေးချယ်ပွဲ သုတ္တန္တ ပိဋကသင်ရိုး ဒီဃနိကာယ် ၃ ကျမ်း အာဂုံ၌ ဂုဏ်ထူး၊ ရေးဖြေ၌ ရိုးရိုး အောင်မြင်၍ ဝိသိဋ္ဌဒီဃဘာဏက၊ ဒီဃနိကာယ ကောဝိဒဘွဲ့။ ၁၉၅၈ ခုနှစ် ၁၀ ကြိမ်မြောက်နှင့် ၁၉၆၀ ပြည့်နှစ် ၁၂-ကြိမ်မြောက် ရွေးချယ်ပွဲတွင် အဘိဓမ္မာ ၇ ကျမ်း အာဂုံ၌ ဂုဏ်ထူး၊ ရေးဖြေ၌ ရိုးရိုးအောင်၍ ဝိသိဋ္ဌ အာဘိဓမ္မိက၊ အဘိဓမ္မကောဝိဒဘွဲ့များ ဆက်ကပ်ခံရကာ သက်တော် ၃၃ သိက္ခာ ၁၃ ဝါရတွင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်အဖြစ် ပူဇော်ခံရပါသည်။

Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads