ပင်လယ်အော်
From Wikipedia, the free encyclopedia
Remove ads
ပင်လယ်အော် ဟူသည် ချိုင့်နေသော ကမ်းခြေအတွင်းရှိ ရေထုဖြစ်သည်။ ၎င်းသည် ပင်လယ်နှင့်အိုင်သို့သော ပိုကြီးသည့်ရေထုသို့ ဆက်နေပြီး အခြားပင်လယ်အော်သို့ ဆက်သည်ပင် ရှိ၏။ ကြီးသော ပင်လယ်အော်ကို ပင်လယ်ကွေ့၊ ပင်လယ်၊ bight (မသိလို့ ဒီအတိုင်းထားထားတာ။ ကျန်တာမဟုတ်)၊ ပင်လယ်ဝ (sound) အမည်အမျိုးမျိုးဖြင့် ခေါ်၏။ ရေခွက် (cove) မှာ အဝကျဉ်းသော ပင်လယ်အော်ငယ် ဖြစ်သည်။ Fjord မှာ ကမ်းစောက်ရှိသော ပင်လယ်အော်ကို ခေါ်၏။


ပင်လယ်အော်သည် မြစ်ဝ၌ ဖြစ်နိုင်သည်။ ဥပမာအဖြစ် ဆက်ဆကွေဟန္နာမြစ်၏အဝရှိ ချက်တာပိပင်လယ်အော်ကို ယူ။ တခုနှင့်တခုထပ်နေသော ပင်လယ်အော်များလည်း ရှိ၏။ နမူနာအဖြစ် ကနေဒါ အရှေ့မြောက်ပိုင်းရှိ ဟတ်ဆန်ပင်လယ်အော်အတွင်း ဂျိမ်းပင်လယ်အော်ရှိသည်ကို ကြည့်။ ဘင်္ဂလားပင်လယ်အော်၊ ဟတ်ဒန်ပင်လယ်အော်သို့သော ပင်လယ်အော်ကြီးတို့မှာ အမည်သာတွင်သော်လည်း ရှိနေသော ပထဝီသွင်ပြင်နှင့် ကွဲတတ်သေး၏။
ပင်လယ်အော်နားရှိ ကုန်းမြေသည် လှိုင်းအားလေအားကို လျော့စေသည်။ သို့ဖြစ်ရာ လူသားတို့အခြေချနေထိုင်မှုသမိုင်းတွင် အရေးပါသောကဏ္ဍအဖြစ် ပါ၏။ အဘယ်ကြောင့်ဆိုသော လှိုင်းဒဏ်လေဒဏ်နည်း၍ ငါးဖမ်းရာတွင် အန္တရာယ်နည်းခြင်းကြောင့်တည်း။ နောက်ပိုင်း ရေကြောင်းကုန်သွယ်မှုတွင်လည်း ကျောက်ချနေနိုင်သည့်အားသာချက် ရှိပြန်သည်။ ဆိပ်ကမ်းပြုရန် ရွေးချယ်စရာလည်း ဖြစ်၏။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads