ပင်းတယမြို့

From Wikipedia, the free encyclopedia

ပင်းတယမြို့
Remove ads

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့သည် သံလွင်၏ မြစ်လက်တက်ဖြစ်သော ဇော်ဂျီမြစ် တောင်မှမြောက်သို့ ဖြတ်သန်းစီးဆင်းသော မြစ်ဝှမ်း၌တည်ရှိသည်။ ပင်းတယမြို့၏ အရှေ့ဘက်ပိုင်းတွင် ကုန်းမြင့်လွင်ပြင်ကြီး ဖြစ်လျက်ရှိသည်။ ပေ(၃၀၀၀)ကျော်မြင့်သည်။ အနောက်ပိုင်းတွင်လည်းပေ (၅၀၀၀)ကျော်မြင့်သော တောင်တန်းကြီးရှိသည်။ ပင်းတယမြို့သည် တောင်တန်းကြီး၏ ခြေရင်းတွင် တည်ရှိသည်။ အလွန်ရှုခင်းလှသည်။ မြို့အဝင်တွင် နာဂပတ္တန်၊ ပုတ္တလုတ်ကန်ဟုခေါ်သော ပင်းတယကန်ကြီးရှိသည်။ ညောင်ကြတ်ပင်တန်း၏ အရိပ်အောက်၌ တင့်တယ်စွာရှိသည်။ ပင်းတယမြို့ အနောက်တောင်ဘက်ယွန်းယွန်း (၁)မိုင်ခန့်အကွာ တောင်စောင်းပေါ်တွင်စောင်းတန်းအသွယ်သွယ် ရွှေရောင်တဝင်းဝင်းဖြင့် ရွှေဥမင်ဘုရားရှိသည်။ ရွှေဥမင်ဘုရား၏ ကျောက်သားဥမင်ကြီးအတွင်း၌ ဘုရားဆင်းတုတော်များလက်ညှိုးထိုး မလွဲအောင်များပြားသည်။

Thumb
ပင်းတယမြို့
Remove ads

ကိုးကား



Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads