ပစ္စုပဋ္ဌာန်

From Wikipedia, the free encyclopedia

ပစ္စုပဋ္ဌာန်
Remove ads

ပစ္စုပဋ္ဌာန်[မှတ်စု ၁]ဆိုသည်မှာ ဉာဏ်တွင် ရှေးရှုထင်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထိုပစ္စုပဋ္ဌာန်သည်(၁) အကျိုး(ဖလ) ပစ္စုပဋ္ဌာန်၊ (၂) ဉာဏ်တွင်ထင်မြင်လာသော သဘောခြင်းရာ (ဥပဋ္ဌာနာကာရ[မှတ်စု ၂]) ပစ္စုပဋ္ဌာန်ဟု နှစ်မျိုးရှိသည်။

အကျိုးပစ္စုပဋ္ဌာန်

ထိုတွင် အကျိုးပစ္စုပဋ္ဌာန်ဆိုသည်မှာ ကိစ္စတခုခုကို လုပ်ကိုင်ဆောင်ရွက်သည့်အခါ ထိုကိစ္စကြောင့် အကျိုးတမျိုးမျိုးရှိလာသကဲ့သို့ ပရမတ် တရားတို့၏ ပြုမူဆောင်ရွက်မှု ကိစ္စရသကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးတရားမျိုးဖြစ်၏။ ဥပမာ-ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ခြင်း ဟူသော မောဟစေတသိက်၏ ပစ္စုပဋ္ဌာန်နှင့်တူသည်။ မောဟစေတသိက်၏ ကိစ္စရသသည် အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားခြင်းဖြစ်၏ ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ခြင်းသည် အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားခြင်း ကိစ္စရသကြောင့်ဖြစ်၍ အကျိုးပစ္စုပဋ္ဌာန်ဟုခေါ်သည်။

Remove ads

ဥပဋ္ဌာနာကာရ-ပစ္စုပဋ္ဌာန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads