ပဇ္ဇုန္နဓီတုသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော်အနီး မဟာဝုန်တော ကူဋာဂါရသာလာ ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝဿဝလာဟက ပဇ္ဇုန္နစာတုမဟာရာဇ် နတ်မင်း၏သမီး ကောကနဒါက ဘုရားရှင်ကို ချီးကျူးရှိခိုး၍ မိမိ၏အမည်ကို လျှောက်ထားပြီး ဘုရားရှင်၏ သစ္စာလေးပါးတရားတော်ကို ရှေးက ကြားရုံမျှသာ ကြားရပြီး ယခုအခါ မျက်မှောက်သက်သေအဖြစ် သိမြင်ပုံ အရိယဓမ္မကို ကဲ့ရဲ့သော သူတို့ ရောရုဝငရဲ၌ ဆင်းရဲဒုက္ခခံစားနေရပုံ, အရိယဓမ္မကို ကျေနပ်စွာခံယူပြီး ရာဂ အစရှိသော ငြိမ်းအေးမှုနှင့်ပြည့်စုံသူတို့ နတ်ပြည်သို့ရောက်ရှိပုံကို ဘုရားရှင်အား လျှောက်ထားသည့်သုတ်။
[၂] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ... သီတင်းသုံးတော်မူစဉ် “ယင်းနတ်မင်းကြီး၏ သမီး စူဠကောကနဒါက ရတနာသုံးပါးအား ရှိခိုးပူဇော်ပြီး အလုံးစုံသော လောက၌ စိုးစဉ်းအနည်းငယ်မျှ ကိုယ်, နှုတ်, စိတ်တို့ဖြင့် မကောင်းမှုကို မပြုရာ၊ ကာမတို့ကို ပယ်စွန့်၍ သတိသမ္ပဇဉ်ရှိသောသူသည် အကျိုးမဲ့နှင့်စပ်သော ဆင်းရဲဒုက္ခကို မမှီဝဲ တော့”ဟု ဘုရားရှင်အား လျှောက်ထားသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads