ပဇ္ဇောတသုတ်

From Wikipedia, the free encyclopedia

Remove ads

(၃)သုတ် ရှိပါသည်။

[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အညတရ နတ်သား၏ မေးလျှောက်ချက်အရ နေရောင်, လရောင်, မီးရောင်, ဘုရားရှင်၏ရောင်ခြည်တော်ဟု အလင်းရောင် ၄-မျိုးသာရှိပုံ, ယင်းတို့တွင် ဘုရားရှင်၏ ရောင်ခြည်တော်သည်သာ အမြတ်ဆုံးဖြစ်ပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဘုရားရှင်၏ ရောင်ခြည်တော်အမျိုးမျိုးကို ဖွင့်ပြထားပါသည်။


[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အညတရ နတ်သား၏ မေးလျှောက်ထားချက်အရ

= ပညာသည် လောက (၏) ၌ အလင်းရောင်၊

= သတိသည် လောက၌ နိုးကြားခြင်း၊

= အသက်မွေးကုန်သောသူတို့တွင် နွားသည် အလုပ်ကိစ္စ၌ အဖော်၊

= ထိုသတ္တဝါအပေါင်း၏ အသက်မွေးဝမ်းကြောင်းသည် ထွန်တုံး၊

= အမိသည် သားကိုမွေးမြူသကဲ့သို့ မိုးသည် ပျင်းသောသူ မပျင်းသောသူတို့ကို မွေးမြူ၏။

= မြေ၌မှီသော သတ္တဝါတို့သည် မိုးကိုမှီ၍ အသက်မွေးကုန်၏-ဟု ဘုရားရှင် ဖြေကြားဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။


[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် လရောင်, နေရောင်, မီးရောင်, ပညာအလင်းရောင်-ဟူသော အလင်းရောင်လေးမျိုးတို့တွင် ပညာအလင်းရောင်သာ အမြတ်ဆုံးဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads