ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (ဂျပန်)
From Wikipedia, the free encyclopedia
Remove ads
MEXT ဟု အတိုကောက်သိကြသည့် ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Education, Culture, Sports, Science and Technology; ဂျပန်: 文部科学省, Monbu-kagaku-shō) သည် ဂျပန်အစိုးရ၏ အုပ်ချုပ်ရေးဝန်ကြီးဌာန ဆယ့်တစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။[၁]
နိုင်ငံတကာ အသိုက်အဝန်းတွင် ဂျပန်နိုင်ငံ၏ အရေးပါမှုအခြေအနေ တိုးတက်လာစေရန် ရည်ရွယ်သည်။[၂][၃] ဝန်ကြီးဌာနသည် ၎င်း၏ စီရင်ပိုင်ခွင့်ကို ကျင့်သုံးလျက်၊ လူနေမှုပတ်ဝန်းကျင်နှင့် ကလေးသူငယ် ကျန်းမာရေး၊[၄] ကျားမ တန်းတူညီမျှမှု[၅] စသည့် အနာဂတ်ရည်မှန်းချက်များဆိုင်ရာ သုတေသနများအတွက် ရန်ပုံငွေများ ရှာဖွေထောက်ပံ့ရန် တာဝန်ယူရသည်။[၆]
Remove ads
သမိုင်းကြောင်း
ဂျပန်နိုင်ငံ၏ ပထမဆုံး ပညာရေးဝန်ကြီးဌာနကို မဲဂျိခေတ် ၁၈၇၁ခုနှစ်တွင် စတင်တည်ထောင်သည်။[၇] ၂၀၀၁ ခုနှစ် ဇန်နဝါရီလတွင် ယခင် ပညာရေး၊ သိပ္ပံ၊ အားကစားနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန (文部省, Monbu-shō) နှင့် သိပ္ပံနှင့် နည်းပညာအေဂျင်စီ (科学技術庁, Kagaku-gijutsu-chō) တို့ကို ပေါင်းစပ်၍ လက်ရှိ MEXT ကို ဖွဲ့စည်းသည်။
ဖွဲ့စည်းပုံ
ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အကြီးအကဲမှာ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဖြစ်သည်။ ၎င်းအောက်တွင် အစိုးရဝန်ကြီးနှစ်ဦး၊ လွှတ်တော်ဒုတိယဝန်ကြီးနှစ်ဦး၊ စီမံအုပ်ချုပ်ရေး ဒုတိယဝန်ကြီးနှစ်ဦး၊ လက်ထောက်ဝန်ကြီးနှစ်ဦးတို့ကို ခန့်ထားသည်။ ဝန်ကြီးဌာနကို ၎င်းတို့အပြင် အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။[၁]
ဝန်ကြီးရုံး
ဝန်ကြီးဌာနတစ်ခုလုံးကို သက်ရောက်စေမည့် အထွေထွေမူဝါဒများ ညွှန်ကြားဆောင်ရွက်ရသည့် ဌာနဖြစ်သည်။ မူဝါဒများ စစ်ဆေးခြင်း၊ ဌာနများအကြား ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနတစ်ခုလုံး၏ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး၊ နိုင်ငံခြားဆက်ဆံရေး စသည်တို့ ဆောင်ရွက်ရသည်။
နိုင်ငံတကာရေးရာ ညွှန်ကြားရေးမှူးချုပ်
ဂျပန်အမျိုးသားကော်မရှင်နှင့် ကုလသမဂ္ဂ ပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) တို့အကြား ချိတ်ဆက်ဆောင်ရွက်ရေးတွင် အဓိက တာဝန်ရှိသူဖြစ်သည်။ အဖွဲ့အစည်းနှစ်ခု၏ ဘုံမျှော်မှန်းချက်မှာ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုတို့မှတစ်ဆင့် ရေရှည်စဉ်ဆက်မပြတ် အပြန်အလှန် ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးရန်ဖြစ်သည်။
ထောက်ပံ့မှုများ စီမံဆောင်ရွက်ရေးနှင့် ဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာန
စာသင်ခန်းသုံး၊ ကျောင်းသုံး ပစ္စည်းများ ထောက်ပံ့ရေးနှင့် ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများ လျှော့ချနိုင်ရေး အလေးထားဆောင်ရွက်သည်။ ထို့အပြင် ပညာရေးနှင့် သုတေသနလုပ်ငန်းများတွင် တက္ကသိုလ် မိတ်ဖက်အဖွဲ့အစည်းများ ပိုမိုရရှိရန် တိုးမြှင့်လုပ်ဆောင်ရေးကိုလည်း ဆောင်ရွက်ရသည်။
Remove ads
ပညာရေးဌာနများ

ဝန်ကြီးဌာနသည် ပညာရေးကဏ္ဍအတွက် အောက်ပါဌာနများ ဖွဲ့စည်းထားရှိသည်။[၁]
ပညာရေးမူဝါဒဗျူရို
ပညာရေးအခြေခံအက်ဥပဒေတွင် ပါဝင်သည့် တစ်သက်တာ သင်ကြားသင်ယူမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်ဖြစ်သည်။ ပြည့်စုံမျှတသော ပညာရေးမူဝါဒများ ချမှတ်နိုင်ရန် တာဝန်ယူရသည်။
အခြေခံပညာရေးဗျူရို
မူလတန်းကြိုပညာရေးမှသည် အခြေခံပညာ အထက်တန်းနှင့် ညီမျှသော ပညာရေး ပြီးဆုံးသည်အထိ ကာလအတွင်း ကျောင်းသားများ အဆင့်ဆင့် တိုးတက်လာစေရေး ဆောင်ရွက်ရသည်။
အဆင့်မြင့်ပညာရေးဗျူရို
ဘွဲ့ကြိုတန်းနှင့် ဘွဲ့လွန်တန်း ပညာရေးကို တိုးမြှင့်လုပ်ဆောင်ရန် အဓိကတာဝန်ယူရသည်။ ကျောင်းဝင်ခွင့်လုပ်ငန်းများ၊ ဆရာစွမ်းရည်မြှင့်လုပ်ငန်းများ၊ ပြည်တွင်း ပြည်ပ ကျောင်းသားများ ရွေးချယ် လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်ရသည်။
အားကစားနှင့် ယဉ်ကျေးမှုဌာနများ

ဝန်ကြီးဌာနသည် အားကစားနှင့် ယဉ်ကျေးမှုကဏ္ဍအတွက် အောက်ပါဌာနများ ဖွဲ့စည်းထားရှိသည်။[၁]
ဂျပန်အားကစားအေဂျင်စီ
ကာယပညာနှင့် ကျန်းမာရေး၊ နိုင်ငံတကာ အားကစားပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုကို ဆက်လက်ထိန်းသိမ်းထားရေးတို့ကို ဆောင်ရွက်ရသည်။
ယဉ်ကျေးမှုရေးရာအေဂျင်စီ
ယဉ်ကျေးမှု အနုပညာလက်ရာများကို အားပေးပံ့ပိုးလျက် နိုင်ငံတွင်း ယဉ်ကျေးမှုတစ်ရပ် ဖန်တီးရန် တာဝန်ယူရသည်။ မျှော်မှန်းချက်မှာ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာများ ရရှိပေါ်ပေါက်ရေး ဖြစ်သည်။
Remove ads
သိပ္ပံနှင့် နည်းပညာဌာနများ
ဝန်ကြီးဌာနသည် သိပ္ပံနှင့် နည်းပညာကဏ္ဍအတွက် အောက်ပါဌာနများ ဖွဲ့စည်းထားရှိသည်။[၁]
သိပ္ပံနှင့်နည်းပညာမူဝါဒဗျူရို

နိုင်ငံတစ်ဝန်း သိပ္ပံနှင့် နည်းပညာများ တိုးမြှင့်ဖော်ဆောင်ရေး ဆောင်ရွက်ရသည်။
သုတေသနတိုးမြှင့်လုပ်ဆောင်ရေးဗျူရို
သိပ္ပံ၊ နည်းပညာ၊ ရူပဗေဒဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရသည်။
သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဗျူရို
စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ကဲ့သို့သော လူမှုရေးလုပ်ငန်းပိုင်းကို ဆောင်ရွက်သည်။ အာကာသနှင့် ပင်လယ်ရေနက်ပိုင်း စူးစမ်းရှာဖွေရေးလုပ်ငန်းများလည်း အဓိကထား လုပ်ဆောင်သည်။
Remove ads
ဆောင်ရွက်ချက်များနှင့် သုတေသနလုပ်ငန်းများ
ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီးသည် သက်ဆိုင်ရာ သုတေသနအစီအစဉ်များ၊ သုတေသနဌာနများအတွက် သိပ္ပံပညာမြှင့်တင်ရေး ဂျပန်အဖွဲ့အစည်း (Japn Society for the Promotion of Science) နှင့် ပူးပေါင်း၍ ရန်ပုံငွေထောက်ပံ့ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည်။[၁]
လူနေမှုပတ်ဝန်းကျင်နှင့် ကလေးသူငယ် ကျန်းမာရေး
မိသားစုနှင့် ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်သည် ကလေးသူငယ်များ၏ ဖွံ့ဖြိုးရင့်ကျက်မှုအပေါ် များစွာသက်ရောက်မှုရှိကြောင်း ဝန်ကြီးဌာနက သုံးသပ်သည်။[၄]
Delta-sigma မြေပုံများ ပြောင်လဲရေးဆွဲရေး
ဝန်ကြီးဌာနသည် ဤလုပ်ငန်းစဉ်အပေါ် အပြည့်အဝမဟုတ်သော်လည်း တိုက်ရိုက်တာဝန်ရှိသည်။ မြေပုံအညွှန်းများကို ဂဏန်းခြေပြစနစ်ရော ရုပ်ဝတ္ထုအစားထိုး စနစ်ကိုပါ အသုံးပြုသည့် analog-digital မြေပုံများ ရေးဆွဲသည့် အစီအစဉ်ဖြစ်သည်။[၈]
Remove ads
ပညာရေး အစီအစဉ်များ
MEXT သည် JET အစီအစဉ်ကို ဆောင်ရွက်နေသည့် ဝန်ကြီးဌာန သုံးခုအပါအဝင်ဖြစ်သကဲ့သို့၊ MEXT စကောလားရှစ်ကိုလည်း နှစ်စဉ်ချီးမြှင့်သည်။ ဂျပန်အက္ခရာများကို ရောမအက္ခရာသို့ ဖလှယ်ရေးကိုလည်း ဆောင်ရွက်သည်။[၉]
ပြည်ပရောက် ဂျပန်မိသားစုဝင်များအတွက် သတင်းအချက်အလက် မျှဝေရာ Children Living Abroad and Returnees Internet (CLARINET) ကိုလည်း ထောက်ပံ့ပေးသည်။[၁၀]
ဂျပန် ကျောင်းသားဝန်ဆောင်မှု အဖွဲ့အစည်း (JASSO) နှင့် ပူးပေါင်း၍ နိုင်ငံတကာ ကျောင်းသားများအတွက် "Japanese Fulbright program" ဟု ခေါ်ဝေါ်ကြသည့် JASSO ပညာသင်ဆု ချီးမြှင့်သည်။[၁၁][၁၂] ဂျပန်တက္ကသိုလ်များတွင် တက်ရောက်နေသည့် နိုင်ငံခြားကျောင်းသားများအနက် ထိပ်ဆုံး ၁% ကို တစ်လလျှင် ဂျပန်ယန်း ရှစ်သောင်းအထိ ထောက်ပံ့ခြင်းဖြစ်သည်။[၁၃]
ပြည်ပရှိ ဂျပန်နိုင်ငံတကာ ကျောင်းများဖြစ်သည့် နိဟွန်းဂျင်း ဂတ်ကိုး[၁၄] နှင့် ဟိုရှူး ဂျူးဂယောကိုး တို့အတွက် ကမ္ဘာတစ်ဝန်းရှိ ဆရာ၊ ဆရာမများ စေလွှတ်လျက်ရှိသည်။[၁၅] ထို့ပြင် ကျောင်းသား ၁၀၀ကျော်စီရှိသည့် အပတ်စဉ်ကျောင်းများကိုလည်း အမတော်ကြေးများ ထောက်ပံ့ပေးသည်။[၁၆]
Remove ads
ဖော်ပြပါလည်းရှု
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads