ပညာသုတ်
From Wikipedia, the free encyclopedia
Remove ads
(၃)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် “အရိယ ပညာ စက္ခုနှင့် ပြည့်စုံသူတို့သည် ငါဘုရား၏ လက်သည်းခွံပေါ်၌ရှိသည့် မြေပံ့ပမာ အလွန်နည်းလှစွာ၏”ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မဂ္ဂဗြဟ္မစရိယ အစဖြစ်သော မရသေးသော ဝိပဿနာပညာကို ရရှိရန် ရရှိပြီးသည်ရှိသော် လွန်စွာ တိုးပွား များပြားလာရန်, ပြန့်ပြောရန်, ဘာဝနာပြည့်စုံလုံလောက်စေနိုင်သော တရား (၈)မျိုး, ယင်းတရား ၈-မျိုးနှင့်ပြည့်စုံခြင်းကြောင့် သီတင်းသုံးဖော်တို့ ချစ်ခင်လေးစား စိတ်နှလုံးတိုးပွား, ရဟန်းတရားများရရန်, တစ်ပေါင်းတည်းဖြစ်ရန်ဖြစ်၏ဟု ရဟန်းတို့အား အကျယ်တဝင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဝီတရာဂစိတ် အစရှိသော စိတ် ၉-မျိုးကို ပညာဖြင့် လွန်စွာ အဖန်ဖန်လေ့ကျက်အပ်ပြီးသော ရဟန်းသည် မိမိ ရဟန္တာဖြစ်ပုံကိုပြောဆိုရန် သင့်လျော်၏ဟု စိတ်တစ်ပါးစီ တစ်ပါးစီ အဖန်ဖန်လေ့ကျက်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ များစွာရှိပါသည်။ [၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads