ပဋိပတ်
From Wikipedia, the free encyclopedia
Remove ads
[၁] (၁) (က) အကျင့်၊ ပဋိပတ်၊ ကျင့်ကြံ-အားထုတ်–မှု၊ ကျင့်ကြံ-အားထုတ်-အပ်သော အမှုအလုပ်, တရား၊ လိုအပ်သော အကျိုး-ကို-သို့-ရောက်ကြောင်း ရကြောင်း-ဖြစ်သော အမှုအလုပ်, တရား။ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ်ကို ကျင့်ကြံအားထုတ်မှုကို သို့မဟုတ် ကျင့်ကြံအားထုတ်အပ်သော သီလ, သမာဓိ, ပညာ သိက္ခာ သုံးရပ်ကို “အကျင့်ပဋိပတ်”ဟု ခေါ်၏ [၂]။ [၃]
၁၃-ပါးသော ဓုတင်အကျင့်များ၊ ဝတ္တက္ခန္ဓက, ကမ္မက္ခန္ဓက, ပါရိဝါသိကက္ခန္ဓက [၄]တို့၌ ဟောတော်မူအပ်သော ကျင့်ဝတ်များနှင့် သီလ သမာဓိ ဝိပဿနာပညာတို့ကို “အကျင့်ပဋိပတ်”ဟု ခေါ်၏ [၅]။
လောကုတ္တရာတရားကို ရစေနိုင်သည့် မှန်ကန်သော အကျင့်, လောကုတ္တရာတရားအား ထိုက်တန်လျော်ကန်သော အကျင့် စသည်နှင့် သတိပဋ္ဌာန်, သမ္မပ္ပဓာန်, ဣဒ္ဓိပါဒ်, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင် လောကီအဋ္ဌင်္ဂိကမဂ် တရားတို့ကို “အကျင့်ပဋိပတ်”ဟု ခေါ်၏ [၆]။
အချုပ်အားဖြင့် လောကုတ္တရာတရားကိုရရန် ကျင့်ကြံအားထုတ် ပြုလုပ်အပ်သည့် အမှုအလုပ် တရားမှန်သမျှကို “အကျင့်ပဋိပတ်”ဟု ခေါ်ဆိုအပ်သည် [၇]။
လူလူ ရှင်ရှင် အစဉ်သဖြင့်အား ထားကိုးစားရမည့်အရာသည် မှန်ကန်သော အကျင့်ပဋိပတ်သာဖြစ်၏ [၈]။
အကျင့်ပဋိပတ်၏ အခြေခံ အကြောင်းရင်းသည် ပရိယတ်ဖြစ်၍ အကျိုးတရားကားမဂ်, ဖိုလ်, နိဗ္ဗာန်ဖြစ်၏၊ ထိုအကျိုးတရားကို အကျင့်ပဋိပတ်ဖြင့်သာ ရရှိနိုင်သည်[၉]။
ဤသာသနာတော်၌ ပဋိပတ်၏ အရသာကို သာယာခံစားလိုသူသည် ပဋိပတ်လုပ်ငန်းကို နောက်မဆုတ်တမ်း ကြိုးပမ်းအားထုတ် အပ်၏ [၁၀]။
ပဋိပတ်လုပ်ငန်းကို တကယ်တမ်း ကြိုးပမ်းအားထုတ် ပြုလုပ်၍ သောတာပန်အရိယာစသည့် အထက်တန်းစား ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ပြီးသူတို့သည် ပြုလုပ်အားထုတ်ခဲ့သည့် ပဋိပတ်လမ်းစဉ်ကို အစဉ်အဆက်ဆက်လက်ဟောပြနေ သမျှ ကာလပတ်လုံး ပဋိပတ်မပျောက်ကွယ်ဘဲ ဤကမ္ဘာလောကကြီးသည် အရိယာသူတော်ကောင်းတို့ဖြင့် တင့်တယ်လှပနေမည်သာဖြစ်သည် [၁၁] [၁၂][၃]
(ခ) ကျင့်ဝတ်၊ ဝတ္တရား၊ ပြုကျင့်–လုပ် ဆောင်-ရသော ဝတ်ကြီး, ဝတ်ငယ်။ [၁၃] [၃]
(ဂ) ကျင့်ဝတ်၊ စည်းကမ်း၊ ပြုကျင့်-လိုက်နာ—ရသော-ကျင့်ဝတ်-စည်းကမ်း။ [၁၄] [၃]
(ဃ) ပြုကျင့်-ပြုလုပ်အားထုတ်-ခြင်း။ [၁၅] [၃]
(၂) ရခြင်း၊ ရောက်ခြင်း။ [၁၆]
(၃) သွားခြင်း။ [၁၇]
Remove ads
အကျင့်-ပဋိပတ်၏ ကွယ်ပျောက်ခြင်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads