ပဋိပဒါသုတ်

From Wikipedia, the free encyclopedia

Remove ads

(၄)သုတ် ရှိပါသည်။

[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ပဋိစ္စသမုပ္ပါဒ အနုလောမဒေသနာတော်သည် ဝဋ္ဋသီသဖြစ်သောကြောင့် မိစ္ဆာပဋိပဒါ၊ ပဋိလောမ ဒေသနာတော်သည် ဝိဝဋ္ဋပက္ခိကဖြစ်သောကြောင့် သမ္မာပဋိပဒါဒေသနာတော်ဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ များစွာရှိပါသည်။


[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အဿုတဝန္တ ပုထုဇဉ်ပုဂ္ဂိုလ်၏ သက္ကာယသို့ရောက်စေတတ်သောအကျင့် သက္ကာယသို့ ရောက်စေ တတ်သောရှုမှတ်မှုနှင့် သုတဝန္တအရိယသာဝက၏ သက္ကာယနိရောဓဂါမိနီပဋိပဒါ, သက္ကာယနိရောဓဂါမိနီသမနုပဿနာတို့ကို ခန္ဓတစ်ပါးစီ တစ်ပါးစီကို ဝေဖန်တော်မူ၍ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသမာဓိသည် မိစ္ဆာပဋိပဒါ, သမ္မာဒိဋ္ဌိ သမ္မာသမာဓိသည် သမ္မာပဋိပဒါဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသမာဓိသည် မိစ္ဆာပဋိပဒါ, လူ၏ဖြစ်စေ, ရဟန်း၏ဖြစ်စေ မိစ္ဆာပဋိပဒါကို ကျင့်ခြင်းကြောင့် ဉာယဓမ္မ (အရိယမဂ်)ကုသိုလ်ကို မပြီးစေနိုင်သဖြင့် ငါဘုရား ချီးမွမ်းတော် မမူ။

သမ္မာဒိဋ္ဌိ, သမ္မာသမာဓိသည် သမ္မာပဋိပဒါ, လူ၏ဖြစ်စေ, ရဟန်း၏ဖြစ်စေ သမ္မာပဋိပဒါကို ကျင့်ခြင်းကြောင့် ဉာယဓမ္မ (အရိယမဂ်)ကုသိုလ်ကို ပြီးစေနိုင်သဖြင့် ငါဘုရား ချီးမွမ်းတော်မူ၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads