ပဋိဗာဟနသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—သင်္ကန်းဝေဖန်ခြင်းကို တားမြစ်မှု။
အမှုသည်—ထုလ္လနန္ဒာ။ [၁]
သာဝတ္ထိမြို့၌ ဘိက္ခုနီသံဃာမှာ အကာလသင်္ကန်းရရှိ၏၊ [အကာလသင်္ကန်းဟူသည် ကထိန်ခေတ်ကာလနှင့် မဆိုင်သော သင်္ကန်းတည်း၊ ထိုအကာလသင်္ကန်းမျိုးကို ကထိန် အာနိသင်ရသူဖြစ်စေ, မရသူဖြစ်စေ အားလုံးခွဲဝေရသည်။] ထိုအကာလသင်္ကန်းကို ဝေဖို့ရန် ဘိက္ခုနီသံဃာအားလုံး စည်းဝေးချိန်မှာ ထုလ္လနန္ဒာ၏ တပည့်ဘိက္ခုနီတို့သည် တခြားအရပ်သို့ ခရီးသွားနေခိုက်ဖြစ်၏၊ ထို့ကြောင့် ထုလ္လနန္ဒာသည် “သင်္ကန်းမဝေကြပါသေးနှင့်ဦး, ဘိက္ခုနီတချို့ ခရီးသွားနေ၍ မရှိကြပါ”ဟု ပြောဆိုတားမြစ်လေသည်၊ ထိုအခါ အခြားဘိက္ခုနီတချို့လည်း “သင်္ကန်းမဝေဖြစ်သေးဘူးတဲ့”ဟု ပြောဆိုကာ အရပ်တစ်ပါးသို့ ခရီးသွားကြကုန်၏၊ ထုလ္လနန္ဒာသည် သူ၏တပည့်မတို့ ပြန်ရောက်ကြသောအခါ (အခြား ဘိက္ခုနီတို့ မပြန်လာမီပင်) သံဃာစည်းဝေးစေ၍ သင်္ကန်းကို ဝေစေလေတော့၏၊ ထိုမတရားပြုမှုကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
Remove ads
ယာ ပန ဘိက္ခုနီ ဓမ္မိကံ စီဝရဝိဘင်္ဂံ ပဋိဗာဟေယျ, ပါစိတ္တိယံ။
တရားနှင့် လျော်သော သင်္ကန်းဝေမှုကို တားမြစ်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [တိုက်တာအတွင်း၌ လက်ရှိ ဘိက္ခုနီအားလုံး စည်းဝေး၍ဝေမှုကို “တရားနှင့်လျော်သောဝေမှု” ဟု ခေါ်သည်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
