ပဋိသလ္လာန(ဏ)သုတ်
From Wikipedia, the free encyclopedia
Remove ads
(၄)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အဖော်မမှီ တစ်ပါးတည်း ကိန်းအောင်းနေသောရဟန်းသည် ခန္ဓာငါးပါး၏ ဖြစ်ခြင်း, ချုပ်ခြင်းကို အမှန်အတိုင်းသိမြင်နိုင်၏။ “အားထုတ်ကြ” အစရှိသည်ဖြင့် ခန္ဓာတစ်ပါးစီ တစ်ပါးစီကို (သမာဓိသုတ်၊ သံ၊၂၊၁၄။)၌ အကျယ်တဝင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ များစွာရှိပါသည်။
[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အဖော်မမှီ တစ်ပါးတည်း ကိန်းအောင်းနေသောရဟန်းသည် အဇ္ဈတ္တိကာယတန ၆-ပါး၊ ဗဟိဒ္ဓါယတန ၆-ပါး၊ ဝိညာဏ် ၆-ပါး၊ ဖဿ ၆-ပါး၊ ဝေဒနာ ၃-ပါးစီတို့ကို “အနိစ္စ”ဟု မှန်ကန်စွာ သိမြင်နိုင်၏။ “အားထုတ်ကြ” အစရှိသည်ဖြင့် အကျယ်တဝင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ များစွာရှိပါသည်။
[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အဖော်မမှီ တစ်ပါးတည်း ကိန်းအောင်းနေသောရဟန်းသည် သစ္စာလေးပါး အမှန်တရားကို အမှန်အတိုင်း သိမြင်နိုင်၏။ သစ္စာလေးပါး အမှန်တရားကို အမှန်အတိုင်း သိမြင်အောင် အားထုတ်ကြရမည်ဟု သစ္စာတစ်ပါးစီ တစ်ပါးစီကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၄] ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ အဖော်မလောက် တစ်ယောက်တည်း ကိန်းအောင်းရာရှိကြကုန်သော နောက်လိုက်နောက်ပါ အဖော်မ တစ်ပါးတည်းသာ ကိန်းအောင်းမှု၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ကြကုန်သော အဇ္ဈတ္တ သန္တာန်၌ စေတောသမထကို အဖန်ဖန်အထပ်ထပ် မပြတ်အားထုတ်နေကြကုန်သော မပျက်မစီးသော ဈာန်ရှိကြကုန်သော ဝိပဿနာဘာဝနာ အားထုတ်မှုနှင့် ပြည့်စုံကြကုန်သော ကိလေသာတို့ကင်းဆိတ်ရာကျောင်းကို ပွားစေကြကုန်သောပုဂ္ဂိုလ်တို့အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကိုလည်းကောင်း၊ ကိလေသာ အကြွင်းအကျန် ရှိသေးလျှင် အနာဂါမ်ပုဂ္ဂိုလ်အဖြစ်ကိုလည်းကောင်း မချွတ်ဖြစ်လတ္တံ့ဟု မှတ်အပ်၏ဟု ဘုရားရှင် ဟောတော်မူအပ်သော စကားတော်ကို ကြားနာခဲ့ရပါသည်။ -ဟု ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာတို့အား ဟောပြသည့်သုတ်။
အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များကို ဖွင့်ပြထားပါသည်။ [၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads