ပဌမသေနာသနသိက္ခာပုဒ်

From Wikipedia, the free encyclopedia

ပဌမသေနာသနသိက္ခာပုဒ်
Remove ads

ပဌမသေနာသနသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ []

သမိုင်း

[]

သိက္ခာပုဒ်

“အကြင်ရဟန်းသည် သံဃာ၏ ဥစ္စာ ‘သံဃိက’ ဖြစ်သော ညောင်စောင်း ‘ခုတင်’ ကိုသော်လည်းကောင်း၊ အင်းပျဉ် ‘ခုံရှည်’ ကိုသော်လည်းကောင်း၊ ဘုံလျှို ‘ဖုံ’ ကိုသော်လည်းကောင်း၊ ဖျာအခင်းကိုသော်လည်းကောင်း၊ လွင်တီးခေါင်၌ ခင်း၍လည်းကောင်း၊ ခင်းစေ၍ လည်းကောင်း ဖဲသွားသော် ထိုသံဃိက ညောင်စောင်း၊ အင်ပျဉ် စသည်ကို မသိမ်းငြားအံ့ မသိမ်းစေငြားအံ့၊ မပန်ကြားမူ၍ ဖဲသွားငြားအံ့။ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏ဟု မိန့်တော်မူ၏။

ထိုအခါ ရဟန်းတို့သည် လွင်တီးခေါင်ပြင်တို့၌ စောစီးစွာ အိပ်ရာနေရာကို သိမ်းဆည်းကြ၏။ ထိုသို့ သိမ်းဆည်းသည်ကို မြတ်စွာဘုရားသည် မြင်တော်မူ၏။ ထို့နောက် ရဟန်းတို့အား “မိုးနှင်း မစိုစွတ်ဟု မှတ်အပ်သော မဏ္ဍပ်၌သော်လည်းကောင်း၊ သစ်ပင်ရင်း၌ သော်လည်းကောင်း၊ ကျီးငှက် သိမ်းစွန်တို့ ကျင်ကြီးမစွန့်သော အရပ်၌သော်လည်းကောင်း ရှစ်လတို့ပတ်လုံး အိပ်ရာနေရာကို ထားရန် ခွင့်ပြု၏” ဟု မိန့်တော်မူ၏။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads