ဘတ်ဂ်ဂျောင်းဟီး

တောင်ကိုရီးယား စစ်ဗိုလ်ချုပ်နှင့် ၁၉၆၁ မှ ၁၉၇၉ ခုနှစ်တွင် အုပ်ချုပ်ခဲ့သော ခေါင်းဆောင် From Wikipedia, the free encyclopedia

ဘတ်ဂ်ဂျောင်းဟီး
Remove ads

ဘက်ဂျောင်းဟိ(ကိုရီးယား: 박정희)သည် ၁၉၁၇ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် မြောက်ပိုင်း ကျုံဆန်းနယ် ဆွန်းဆန်းရှိမ္မိုရွာ၌ ဖွားမြင်သော တောင်ကိုရီးယားနိုင်ငံ၏ သမ္မတကြီး ဖြစ်သည်။ သူသည် လယ်သမားတစ်ဦး၏ ရင်သွေးခုနစ် ယောက်အနက် အငယ်ဆုံးဖြစ်သည်။ ၁၉၃၇ ခုနှစ်တွင် ဂူးနော်မန်ကျောင်းမှ ဘွဲ့ရပြီးနောက် ကျောင်းဆရာအဖြစ် သုံးနှစ်ဝင်လုပ်ကာ ထိုစဉ်က မန်ချူးကိုကုဟုတွင်သော မန်ချူးရီယား နိုင်ငံသို့သွား၍ မန်ချူးကိုးစစ်အကယ်ဒမီ ကျောင်းတက် သည်။ ဤတွင် ဂျပန်တို့က ၎င်းတို့၏စစ်ကျောင်း၌ စာရင်း သွင်းလိုက်၍ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ် ဂျပန် လက်နက်ချချိန်၌ ပတ်သည် မန်ချူးရီးယား အခြေစိုက် ဂျပန် ကွမ်တုံတပ်မတော်တွင် ဗိုလ်တစ်ဦး ဖြစ်လာသည်။

Thumb
တောင်ကိုရီးယား သမ္မတ ဘက်ဂျောင်းဟိ

ထိုနောက်တွင် သူသည် တောင်ကိုရီးယားသို့ ပြန်လာပြီး ကိုရီးယားစစ် အကယ်ဒမီ တက်ရာ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ၌ သင်တန်းပြီးသည်။ ထိုမှ ၁၉၅ဝ ပြည့်နှစ် စက်တင်ဘာလတွင်မူ ဒုတိယ ဗိုလ်မှူးကြီး အဆင့်သို့ ရောက်၍ ၁၉၅၃ ခုနှစ်တွင်လည်း ကိုရီးယားစစ်ပွဲ (၁၉၅ဝ-၅၃) ၌ ပါဝင်ခဲ့သူအဖြစ်ဖြင့် ဗိုလ်မှူး ချုပ်ရာထူးကိုရရှိသည်။ သူသည် ကိုရီးယားစစ်အတွင်း ထောက်လှမ်းရေးနှင့် စစ်ထောက်ပို့တပ်တွင်ဝင်ရောက် အမှုထမ်းခဲ့ရသည်။

၁၉၅၃ ခုနှစ်၌ စစ်ပြေငြိမ်းသောအခါ သူသည် အမေရိကန်ပြည်ထောင်စုရှိ အမြောက်လက်နက်သင် တန်းကျောင်းတွင် ခြောက်လခန့် တက်ရောက်သင်ယူသည်။ ဘက်ဂျောင်းဟိသည် ၁၉၅၆ ခုနှစ်တွင် အမြောက် တပ်၏တပ်မတစ်ခု၌ တပ်မှူး ဖြစ်လာသည်။ ထိုမှတစ်ဖန် တပ်မတော်အမှတ် ၂ တွင်ဒုတိယတပ်မှူးဖြစ်ပြန်ကာ ၁၉၆၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင်ဝန်ကြီးချုပ် ချန်မျုံ (ဂျွန်အပ်ချန်း)၏ လက်မှအစိုးရအာဏာကို သိမ်းယူသည်။ ၁၉၆၃ ခုနှစ်တွင် တပ်မတော် ဗိုလ်ချုပ်ကြီးအဖြစ်မှ နုတ်ထွက်၍ သမ္မတရွေးပွဲကို ဝင်သည်။ ယင်းသို့ ရွေးကောက်ပွဲဝင်ရာ၌ တူတော်သူ ကင်ချွန်ပီလနှင့်တွဲ၍ ဒီမိုကရက်တစ် လစ်ဗရယ်ပါတီကို ထောင်ကာယှဉ်ပြိုင်ခြင်းဖြစ်ရာ သမ္မတအရွေးခံရသည်။ ၁၉၆၇ ခုနှစ်တွင် ဒုတိယအကြိမ် သမ္မတ အဖြစ် အရွေးခံရပြန်သည်။

၁၉၇၂ ခုနှစ် ပြည်သူ့မဲဆန္ဒခံယူပွဲတွင် ပတ်သည် သမ္မတအာဏာများ တိုးတက်ရရှိလာသည့် အပြင် သမ္မတသက်တမ်း ခြောက်နှစ် သတ်မှတ်၍ ပြန်လည် အရွေးခံရပြန်သည်။ ပတ်ချုန်းဟီးနှင့် သူ၏ အစိုးရ အဖွဲ့နိုင်ငံကို အဘက်ဘက်မှ တိုးတက်အောင် ကြိုးပမ်းထူထောင်နေစဉ်တွင် တောင်မြောက်ကိုရီယား ငြိမ်းချမ်းစွာပူပေါင်းရေးကိစ္စ၊ တောင်ကိုရီးယားမှ အမေရိကန်တပ်များ ရုပ်သိမ်း မည့်ကိစ္စ၊ ယင်းသို့ ရုပ်သိမ်းချိန်၌လည်း စစ်ပစ္စည်း အထောက်အပံ့စသည် ဆက်လက်ရရှိရေးကိစ္စနှင့် ကိုရီးယား ဂိတ်အမည်တွင်လာသော အမေရိကန် အမတ်များအား တောင်ကိုရီယားကိုပင်း၍ စစ်အထောက်အပံ့ ပေးရေးကို ဆောက်ရွက်စေရန် လာဘ်ထိုးသည် ဆိုသည့် အရေးကိစ္စ စသည်များနှင့် ရင်ဆိုင်နေရသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads