ပထမပဝါရဏာသိက္ခာပုဒ်

From Wikipedia, the free encyclopedia

ပထမပဝါရဏာသိက္ခာပုဒ်
Remove ads

အမှု—တော်ပြီဟုဆိုပြီးမှ အခြားတနေရာသွား၍စားမှု

အမှုသည်—ရဟန်းအများ


ရဟန်းများနှင့် ပုန်ဏား

ပုန်ဏားတယောက်သည် ရဟန်းတို့ကို ပင့်၍ဆွမ်းကြွေး၏၊ ရဟန်းတို့သည် ဆွမ်းစားကြစဉ် (ဆွမ်း-ဟင်းတို့ကို လိုက်သည့်အခါ) “တော်ပါပြီ, ပြည့်စုံပါပြီ, ဝပါပြီ, နဲနဲထည့်ပါ” စသည်ဖြင့်လိုက်သောဆွမ်း-ဟင်းကိုတားမြစ်ပြီး ဖြစ်ပါလျက် တချို့ က ဆွေမျိုးများအိမ်သို့သွား၍ နောက်ထပ်စားကြ, တချို့ကလည်း ထိုအိမ်မှ ဆွမ်းကိုပင် သပိတ်ဖြင့်ယူ၍ အခြားတနေရာသို့သွား၍ စားသောက်ကြကုန်၏၊ ပုန်ဏားသည် ရဟန်းတို့သွားပြီးနောက် အိမ်နီးချင်းတို့ကိုလာကြပါဉုး, အရှင်မြတ်တို့ကို တင်းတိမ်လောက်အောင် ဆွမ်းကပ်လိုက်ပါပြီ, မိတ်ဆွေတို့ကိုလည်း တင်းတိမ်လောက်အောင် ကြွေးပါရစေ” ဟု ဖိတ်ခေါ်လေ၏၊ ထိုအခါ အိမ်နီးချင်းများက “ဘယ်မှာကိုယ်တော်များ တင်းတိမ် ဥုးမှာလဲ, တချို့က ကျုပ်တို့ အိမ်လာပြီး နောက်ထပ်စားကြ, တချို့က ယူသွားကြတယ်” ဟု ပြောကြလေသည်။ ထိုစကားကိုကြား၍ စိတ်မချမ်း မသာဖြစ်ကာ “ဘာ့ကြောင့် ငါ့အိမ်၌ စားပြီးပါလျက် တခြားအိမ်၌ စားကြရသေးသလဲ, ငါ့ကဝအောင် မတတ်နိုင်လို့လား” ဟု ပုန်ဏားက ကဲ့ရဲ့သောကြောင့် “ယောပန ဘိက္ခု ဘုတ္တာဝီ ပဝါရိတော ခါဒနီယံဝါ ဘောဇနီယံ ဝါ ခါဒေယျဝါ ဘုဉ္ဇေယျဝါ၊ ပါစိတ္တိယံ”ဟု မူလပညတ်ကို ထားတော်မူရလေသည်။[]

Remove ads

အနုပညတ်

ရဟန်းတို့သည် (မိမိတို့စားပြီးနောက်) ဂိလာနရဟန်းများဘို့ မွန်မြတ်သောဆွမ်းတို့ကို တောင်းယူလာကြကုန်၏၊ ဂိလာနရဟန်းတို့ကား စိတ်ထင်သလောက် မစားနိုင်ကြ၊ ကြွင်းကျန်သမျှကိုလည်း (စားပြီးသော ရဟန်းတို့ နောက်ထပ်မစားကောင်းသောကြောင့်) စွန့်ပစ်ကြရလေ တော့၏၊ ထိုစွန့်ပစ်အပ်သောဆွမ်းတို့ကို စားကြလုကြသော ကျီးတို့၏အသံဖြင့် ဆူညံနေသည်ကို ဘုရားရှင်ကြားတော်မူ၍ အရှင်အာနန္ဒာကိုမေးတော်မူရာ, ဂိလာနအကျန်ဖြစ်သော ဆွမ်းများကိုစွန့်ထားကြောင်း လျှောက်သဖြင့်-

“ရဟန်းတို့...(ဆွမ်းစားစဉ်တော်ပြီဟု ပယ်မြစ်ခဲ့သော ရဟန်းသည်) ဂိလာန၏ အကြွင်းအကျန်ကို၎င်း, ဂိလာနမဟုတ်သူ၏ အကြွင်းအကျန်ကို၎င်း စားခြင်းငှါ ခွင့်ပြုတော်မူ၏’”ဟု မိန့်တော်မူ၍ “ယောပနဘိက္ခု ဘုတ္တာပိ ပဝါရိတော အနတိရိတ္တံ ခါဒနီယံဝါ၊ ပေ၊ ပါစိတ္တိယံ”ဟု အနတိရိတ္တပုဒ်ကို ထည့်၍ အနုပညတ်ထပ်တော်မူရလေသည်။[]

Remove ads

သိက္ခာပုဒ်

ယော ပန ဘိက္ခု ဘုတ္တာဝီ ပဝါရိတော အနတိရိတ္တံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပါစိတ္တိယံ။[]

မြန်မာပြန်

အကြင်ရဟန်းသည် တချို့တဝက်စားပြီး ပယ်မြစ်စေအပ်ပြီး ဖြစ်ပါလျက် အတိရိတ်ဝိနည်းကံလည်း မပြုအပ်, ဂိလာန၏ အကျန်လည်းမဟုတ်သော ခဲဘွယ်ကိုသော်၎င်း ဘောဇဉ်ကိုသော်၎င်း ခဲမူလည်းခဲအံ့ စားမူလည်းစားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ [ဤသိက္ခာပုဒ်နှင့်စပ်၍ မှတ်ဘွယ်များကို ပါတိမောက်ဘာသာဋီကာ၌ ရှုပါ။ []


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads