ပထဝီကောဋ္ဌာသ

From Wikipedia, the free encyclopedia

ပထဝီကောဋ္ဌာသ
Remove ads

ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း၌ ပထဝီဓာတ်လွန်ကဲသော ပထဝီကောဋ္ဌာသ အ‌ကြောင်းကို ‌ဖော်ပြထားပါသည်။

ပထဝီဓာတ်လွန်ကဲသော ပထဝီကောဋ္ဌာသ (၂၀)

(၄၂) ကောဋ္ဌာသတွင် ပထဝီဓာတ်လွန်ကဲသော ပထဝီကောဋ္ဌာသ (၂၀) ရှိပါသည်။ ဤကောဋ္ဌာသများကို ပဉ္စက (၄)ခုအဖြစ် အောက်ပါအတိုင်း ခွဲခြားထားသည်။

တစ ပဉ္စက

  • ၁။ ကေသာ = ဆံပင် = ၅၃
  • ၂။ လောမာ = မွေးညင်း = ၅၃
  • ၃။ နခါ = ခြေသည်း လက်သည်း = ၅၃
  • ၄။ ဒန္တာ = သွား = ၅၃
  • ၅။ တစော = အရေ (အရေထူ+အရေပါး) = ၅၃ []

ဝက္က ပဉ္စက

  • ၆။ မံသံ = အသား = ၅၃
  • ၇။ နှာရု = အကြော = ၅၃
  • ၈။ အဋ္ဌိ = အရိုး = ၅၃
  • ၉။ အဋ္ဌိမိဉ္ဇံ = ရိုးတွင်းခြင်ဆီ = ၅၃
  • ၁၀။ ဝက္ကံ = အညှို့ (ကျောက်ကပ်) = ၅၃ []

ပပ္ဖါသ ပဉ္စက

  • ၁၁။ ဟဒယံ = နှလုံး = ၅၃
  • ၁၂။ ယကနံ = အသည်း (အသဲ) = ၅၃
  • ၁၃။ ကိလောမကံ = အမြှေး = ၅၃
  • ၁၄။ ပိဟကံ = အဖျဉ်း (သရက်ရွက်) = ၅၃
  • ၁၅။ ပပ္ဖါသံ = အဆုပ် = ၅၃ []

မတ္ထလုင်္ဂ ပဉ္စက

  • ၁၆။ အန္တံ = အူမ = ၅၃
  • ၁၇။ အန္တဂုဏံ = အူသိမ် (အူချည်ကြိုး) = ၅၃
  • ၁၈။ ဥဒရိယံ = အစာသစ် = ၈
  • ၁၉။ ကရီသံ = အစာဟောင်း = ၈
  • ၂၀။ မတ္ထလုင်္ဂံ = ဦးဏှောက် = ၅၃ []

ရုပ်တရား (၅၃) မျိုး၏ ဖွဲ့စည်းပုံ

ဆံပင်စသည့် ကောဋ္ဌာသများ၌ ရုပ်တရား (၅၃) မျိုးဟူသည်မှာ -

  1. ကာယဒသကကလာပ် = ၁၀
  2. ဘာဝဒသကကလာပ် = ၁၀
  3. ဇီဝိတနဝကကလာပ် = ၉
  4. စိတ္တဇအဋ္ဌကလာပ် = ၈
  5. ဥတုဇအဋ္ဌကလာပ် = ၈
  6. အာဟာရဇအဋ္ဌကလာပ် = ၈

အားလုံးပေါင်း = ၅၃ သို့သော် အစာသစ်၊ အစာဟောင်းတို့၌ ဥတုဇအဋ္ဌကလာပ် (၈) တစ်မျိုးသာ ရှိသည်။ []

ကောဋ္ဌာသအချို့၏ သဘာဝထူးခြားချက်

  • ကိလောမကံ (အမြှေး): ဖုံးလွှမ်းသော အမြှေး (နှလုံး၊ ကျောက်ကပ်ကို ဖုံးလွှမ်းသည်) နှင့် မဖုံးလွှမ်းသော အမြှေး (အရေထူနှင့် အသားကို ကပ်စေသော ကော်သဘော) ဟူ၍ နှစ်မျိုး ရှိပြီး၊ နှစ်မျိုးလုံး၌ ရုပ် (၅၃) မျိုးစီ ပါဝင်သည် []
  • အန္တဂုဏံ (အူသိမ်): အူခွေ (၂၁) ခု၏ အကြား၌ လျှောမကျအောင် ချုပ်စပ်ထားသော အူချည်ကြိုးဖြစ်ပြီး၊ အစာသွားလမ်းမဟုတ်၊ အူမ၏ တစ်လျှောက်လုံးကို သိမ်းကျုံးသည် [][]
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads