ပဒသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ကြည်းကုန်းနေ သတ္တဝါတို့၏ခြေရာသည် ဆင်ခြေရာ၌ ပေါင်းဝင်သကဲ့သို့ ကုသိုလ်တရားအားလုံးတို့သည် အပ္ပမာဒလျှင် အကြောင်းရင်းရှိကုန်၏။ အပ္ပမာဒသည် ကုသိုလ်တရားတို့တွင် အမြတ်ဆုံးဖြစ်ပုံ၊ အပ္ပမာဒရှိသောပုဂ္ဂိုလ်သည် အရိယမဂ္ဂင်တရားကို ဝိဝေကနိဿိတ, ဝိရာဂနိဿိတ, နိရောဓနိဿိတ, ဝေါဿဂ္ဂပရိဏာမီဖြစ်အောင် ပွားများပုံတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ကုန်းနေ သတ္တဝါတို့၏ခြေရာသည် ဆင်ခြေရာ၌ပေါင်းဝင်သကဲ့သို့ ဆင်ခြေရာသည်သာ အကြီးဆုံးဖြစ်သကဲ့သို့ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ-ဟူသော ဣန္ဒြေငါးပါး ဓမ္မအဖို့အစုတို့တွင် ပညိန္ဒြေ-ဟူသော ဓမ္မအဖို့အစု၌သာသက်ဝင်ပုံ, ပညိန္ဒြေသာ အမြတ်ဆုံးဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads