ပန်တျာ

From Wikipedia, the free encyclopedia

Remove ads

ပန်တျာ ဟူသော ဝေါဟာရသည် ပုဂံခေတ်တွင် ပေါ်ပေါက်လာပုံရသည်။ ပုဂံခေတ်ကျောက်စာများတွင် စည်ကြီး၊ နောင်နင်၊ ခက်ခွင်၊ ပသာ စသည့် ဂီတတူရိယာ ပစ္စည်း အမျိုးအမည်များကို တွေ့ရှိရသကဲ့သို့ ဂီတနှင့် ပတ်သက်သည့် ပန်တျာ ဟူသော ဝေါဟာရကိုလည်း စတင်တွေ့ရှိရသည်။ ဆရာကြီး ဦးဖိုးလတ်၏ မြန်မာစကား အဖွင့်ကျမ်းအရ - ပန် = ဖန်ဆင်းပြုလုပ်ခြင်း အတတ်၊ တျာ = တီးမှုတ်ခြင်း ဖြစ်ရာ ပန်တျာကို တီးမှုတ်သီဆိုခြင်း အတတ်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ခရစ်နှစ်-၁⁠၁၉၀ ပြည့်နှစ်ထိုး ကြံသိုင်းကြီးသမီး ကျောက်စာတွင် ပန်တျာအိုလာပန်တျာအိုမုံ စသည်ဖြင့် ပန်တျာဝေါဟာရကို အမျိုးသမီးများ အမည်ဖြင့် တွဲဖက်သုံးထားသည်ကို တွေ့ရှိရသည်။ အလားတူ ခရစ်နှစ်-၁၂၃၅ ခုနှစ်ထိုး မင်းဆရာ ပိတရစ် ကျောက်စာတွင် သိခြင်သည်(သီချင်းသည်)၊ စန္ဒြသည်(စန္ဒရားသည်) စသည်ဖြင့် ရေးထိုးထားသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads