ပန်းတောင်းမြို့

From Wikipedia, the free encyclopedia

Remove ads

ပန်းတောင်းမြို့သည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ဧရာဝတီမြစ်၏ လက်ျာကမ်းပေါ်တွင် တည်ရှိပြီးလျှင် ပြည်မြို့၏တောင်ဘက် ၉ မိုင်ဝေးသည်။ မြန်မာပြည်မမှ ရခိုင်တိုင်းသို့သွားရာ ကုန်းကြောင်းခရီးဖြစ်သော တောင်ကုတ်တောင်ကြားလမ်းကို ပန်းတောင်းမြို့မှတစ်ဆင့် သွားနိုင်လေသည်။ ဒုတိယကမ္ဘာစစ် ပြီးစအချိန် ရေကြောင်း၊ လေကြောင်း ခရီးလမ်းများ မဖွင့်နိုင်သေးမီက ရခိုင်တိုင်းမှ တစ်ဆင့် အိန္ဒိယနိုင်ငံနှင့် ကူးသန်းရောင်းဝယ်ကြရာ ပန်းတောင်းမြို့သည် အလွန်စည်ကား၍ အရောင်းအဝယ် ဖွံ့ဖြိုးခဲ့ဖူးသည်။ တောင်ကုတ်တောင်ကြားလမ်းနှင့်မူ ပန်းတောင်းမြို့သည် ၃၉ မိုင်ခန့်သာ ဝေးသည်။ ရခိုင်တိုင်း၊ တောင်ကုတ်မြို့သို့ ကားလမ်းဖြင့် တောင်ကြီးများကို ကျော်ဖြတ်သွားလျှင် မိုင် ၁၀၀ ခန့်သာ သွားရသည်။

၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ပန်းတောင်းမြို့၏ လူဦးရေသည် ၃၄၃၀ ယောက်ရှိသည်။ ပန်းတောင်းမြို့သည် ရခိုင်ရိုးမ တောင်တန်းနှင့် နီးကပ်နေသဖြင့် မြေမျက်နှာပြင် မညီညာရုံမျှမက မြေဩဇာလည်း မကောင်းလှသောကြောင့် လယ်ယာစိုက်ပျိုးခြင်း အလုပ်ကို အနည်းငယ်သာ လုပ်ကိုင်နိုင်သည်။ ပန်းတောင်းမြို့၏ ထွက်ကုန်မှာ ချည်ထည် နှင့် ရှားစေး ဖြစ်သည်။

ပန်းတောင်းမြို့၏တန်ခိုးကြီးဘုရားမှာ ဧရာဝတီမြစ် ကမ်းနားရှိ ပေါ်တော်မူရှင်ဖြူဘုရား ဖြစ်သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads