From Wikipedia, the free encyclopedia
ပန်းလောင်မြစ်သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ယင်းမာပင်အနောက်မြောက်ဘက် ဘုရားငါးဆူရွာအရှေ့ဘက် လေး မိုင်က၍ စတင်မြစ်ဖျားခံပြီး စုစုပေါင်း အလျား မိုင် ၁၂၀ ခန့်ရှည်လျားသည်။[1] အနောက်ဘက်မှ အရှေ့သို့ အနည်းငယ် စီးဆင်းပြီး ကြပ်စခန်းရွာတွင် မြောက်ဘက်ဘက်သို့ စီးဆင်းသွားသည်။ ရှမ်းပြည်နယ် ရွာငံမြို့နယ် မင်းပလောင်ရွာ ရနဲရွာအနီး အနောက်ဘက်မှနေ၍ မြောက်ဘက်သို့ သွားသည်။ ပြဒါးလင်းဂူ သဘာဝဘေးမဲ့တောသည် ဤမြစ်၏ အရှေ့ဘက်တွင် ရှိသည်။ ကင်းတားဆည်သည်လည်း ပန်းလောင်မြစ်ကို အကြောင်းပြု၍ ဖြစ်လာရသည်။ ပန်းလောင်မြစ်သည် တံတားဦးလေဆိပ်၏အရှေ့တောင်ဘက် ကျောက်ဆည်မြို့ အနောက်တောင်ဘက်တွင် စမုံမြစ်တွင်း ကြိုတင်စီးဝင်၍ တံတားဦး အင်းဝအနီးတွင် မြစ်ငယ်မြစ်တွင်း စီးဝင်သည်။
ပန်းလောင်မြစ်ပေါ်တွင် ကင်းတား ရေလှောင်တမံနှင့် ရေလွှဲဆည်သုံးခု တည်ရှိသည်။[1]
Seamless Wikipedia browsing. On steroids.