ပဗ္ဗတသုတ်

From Wikipedia, the free encyclopedia

Remove ads

(၄)သုတ် ရှိပါသည်။

[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဟိမဝန္တာတောင်၏ အနီး၌ မုန်ညှင်းစေ့မျှရှိသော ကျောက်စရစ်ခဲတို့ကို နှိုင်းယှဉ်ပြီးချထားပါက ကျောက် စရစ်ခဲ(၇)ခဲသည် အနည်းငယ်မျှသာဖြစ်သကဲ့သို့ သတ္တက္ခတ္တုပရမ သောတာပန် အရိယာသာဝက၏ ကုန်ပြီးသောဆင်းရဲအစုကိုထောက်၍ ကျန်ရှိနေသောဆင်းရဲအစုသည် မပြောပဖွယ်ဖြစ်၏၊ သောတာပတ္တိမဂ်ဉာဏ်ကို ထိုးထွင်း၍သိခြင်းသည် သို့ကလောက်အကျိုးကြီး၏၊ သောတာပတ္တိမဂ်ဉာဏ် ဓမ္မစက္ခုကိုရခြင်းသည် သို့ကလောက် အကျိုးများ၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[] မြတ်စွာဘုရား ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မုံညှင်းစေ့ (၇)စေ့ခန့်မျှ ကျောက်စရစ်ခဲတို့ကိုထား၍ ဟိမဝန္တာတောင်ကြီး ကုန်ခမ်းသွားရာ၏။ ကုန်ခမ်းသွားသော ဟိမဝန္တာတောင်ကြီးကိုထောက်၍ မုံညှင်းစေ့မျှ ကျောက်စရစ်ခဲ (၇)ခဲသည် မပြောပလောက်သကဲ့သို့ အထက်သုတ်တော်အတိုင်း ဓမ္မစက္ခုကိုရခြင်း အကျိုးကြီးမားပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[] ပဌမသုတ်ကဲ့သို့ မြင့်မိုရ်တောင်နှင့် ပဲနောက်စေ့ခန့် ကျောက်စရစ်ခဲ (၇)ခဲကို ပမာထား၍ ဓမ္မစက္ခုသောတာပတ္တိမဂ်ဉာဏ်ကို ရခြင်း၏အကျိုးကြီးမြတ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အညတရရဟန်း ၏မေးလျှောက်ချက်အရ-အလျား, အနံ, အမြင့်တစ်ယူဇနာရှိသော အကွဲအပြတ် အပေါက်အခေါင်းမရှိသော ကျောက်တောင်ကြီးကို ယောက်ျားသည် အနှစ်တစ်ရာ, အနှစ်တစ်ရာလွန်သောအခါ၌ ကာသိတိုင်းဖြစ် နူးညံ့သောအဝတ်ဖြင့် တစ်ကြိမ်သာ ပွတ်တိုက်ခဲ့လျှင် ကျောက်တောင်ကြီး ပျောက်ကွယ် ပျက်စီးသွားသကဲ့သို့ ကမ္ဘာကြီးကား ကုန်ဆုံးမသွားရာ။ ကမ္ဘာကြီးသည် သို့ကလောက် ရှည်လျားလှပုံ အလုံးစုံသော သင်္ခါရတို့၌ နိဗ္ဗိန္ဒဉာဏ်, ဝိရာဂဉာဏ်, ဝိမုတ္တိဉာဏ်ဖြစ်အောင် အားထုတ် သင့်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များရှိပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads