ပဗ္ဗတူပမသုတ်
From Wikipedia, the free encyclopedia
Remove ads
(၃)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် နေမွန်းတည့်အခါ၌ ရောက်လာသော ကောသလမင်းအား အရပ်လေးမျက်နှာမှ တိမ်တိုက်နှင့် တူသော တောင်ကြီးများ သတ္တဝါအားလုံးတို့ကို ကြိတ်လျက်လာသည့် ပြင်းထန် ကြမ်းကြုတ်သော ဘေးကြီးဖြစ်ပေါ်လာလျှင် တရားကျင့်ခြင်း၊ အညီအမျှကျင့်ခြင်း၊ ကုသိုလ် ကောင်းမှုပြုခြင်းမှတစ်ပါး အခြားပြုဖွယ်များ မရှိတော့သကဲ့သို့ အိုခြင်း, သေခြင်း တရားတို့ နှိပ်စက်လာလျှင်လည်း စစ်အင်္ဂါလေးပါးဖြင့် စစ်ထိုးဖို့ရာမရှိသကဲ့သို့ တရားကျင့်ခြင်း၊ အညီအမျှကျင့်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်းမှတစ်ပါး အခြား ပြုဖွယ်များမရှိတော့ပုံကို ဘုရားရှင်အားလျှောက်ထားရာ ဤအတိုင်းပင် ပြုလုပ်ရမည်ဟု ကောသလဘုရင်အား ဘုရားရှင် မိန့်ကြားတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များရှိပါသည်။
[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မုံညှင်းစေ့ခန့်ရှိသော ကျောက်စရစ်ခဲ (၇)ခဲတို့ကို ဟိမဝန္တာတောင်မင်း၏အနီး၌ချထားပြီး ယင်းတို့ကို ဟိမဝန္တာတောင်မင်းနှင့် နှိုင်းယှဉ်ပြတော်မူပြီးသောတာပန်ပုဂ္ဂိုလ်၏ ကုန်လွန်ပြီးသောဆင်းရဲဒုက္ခတို့မှာ များပြားလှပြီး ကြွင်းကျန်သော (၇)ဘဝတာ၌ဖြစ်သော ဆင်းရဲဒုက္ခတို့မှာ အနည်းငယ်မျှသာဖြစ်တော့သကဲ့သို့ သစ္စာလေးအင်သိမြင်ရန် အားထုတ်သင့်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဟိမဝန္တာတောင်ကြီးသည် မုန်ညင်းစေ့ခန့် ကျောက်စရစ်ခဲ (၇)ခဲတို့ကိုထား၍ ကုန်ခမ်းပျက်စီး သွားသကဲ့သို့ သောတာပတ္တိမဂ်ဉာဏ်နှင့်ပြည့်စုံပြီးသော အရိယာသာဝက၏ ကုန်ပြီးသော ဆင်းရဲဒုက္ခတို့သည် များပြားလှကုန်၏။ ထို့ကြောင့် သစ္စာသိမြင် ကျွတ်တန်း ဝင်အောင် အားထုတ်ကြရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads