ပရစိတ္တဝိဇာနနအဘိညာ

From Wikipedia, the free encyclopedia

Remove ads

ပရစိတ္တဝိဇာနနအဘိညာ ဆိုသည်မှာ သူတစ်ပါးတို့၏ စိတ်အကြံအစည်ကို သိနိုင်သော အဘိညာ ဖြစ်၏။[]

ပရစိတ္တဝိဇာနနအဘိညာ

ဣဒ္ဓိမာပုဂ္ဂိုလ်သည် သူတစ်ပါး၏ စိတ်အကြံအစည်ကို သိလိုသောအခါ တန်ခိုး၌ မနိုင်နင်းသေးသော အာဒိကမ္မိကပုဂ္ဂိုလ်သည် ဒိဗ္ဗစက္ခုအဘိညာဖြင့် သူတစ်ပါး၏ နှလုံးသွေးကို ရှေးဦးစွာကြည့်၍ နှလုံးသွေးနီလျှင် ရာဂစိတ်, မည်းလျှင် ဒေါသစိတ်, ဝါလျှင် သဒ္ဓါစိတ်, ဖြူလျှင် ပညာစိတ် စသည်ဖြင့် နှလုံးသွေးကို မြင်သဖြင့် စိတ်ကိုလည်း ဘယ်လိုစိတ်ဟု သာမည အနုမာနအားဖြင့် သိ၍ “ဤသူ၏ စိတ်အကြံအစည်ကို ငါသိအံ့” ဟု ရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြု၍ အဘိညာပါဒကဈာန်ကို ဝင်စား၍ ထပြီးလျှင် “ဤသူ၏ စိတ်အကြံအစည်ကို ငါသိစေသတည်း” ဟု အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ စိတ်အကြံအစည်ကို သိသော အဓိဋ္ဌာန်အဘိညာဇောကျလာ၏၊ သိ၏။

အကယ်၍ ပထမတစ်ကြိမ်ဖြင့် မသိသေးငြားအံ့၊ ဤနည်းအတူ အဖန်ဖန်ပြုအပ်၏၊ သိအပ်၏။ ဤကဲ့သို့ သိနိုင်ဖန်များ၍ နိုင်နင်းသော အခါကျလျှင် နှလုံးသွေးကို ကြည့်နေဖွယ်မရှိ။ တစ်ခါတည်း စိတ်ကိုပင် ကြည့်၍ သိနိုင်တော့၏၊ နှလုံးသွေးမရှိသော အရူပဘုံစိတ်တို့ကိုလည်း သိနိုင်တော့၏၊ ၎င်းကို စေတောပရိယအဘိညာဟူ၍လည်း ခေါ်၏။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads