ပရမ္ပရဘောဇနသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—ဘောဇဉ် နာမည်ဖြင့် ပင့်ဖိတ်ထားလျက် ဆွမ်းခံစားမှု။
အမှုသည်—ရဟန်းအများ။
လူဆင်းရဲ၏ သံဃာကုန်ထမင်း
ဝေသာလီမြို့၌ မွန်မြတ်သော ဘတ္တ (ထမင်း)များကို တလှည့်စီကျွေးကြရာ ရဟန်းတော်များ၌ ထိုထမင်း ဟူသော အသုံးအနှုန်းဖြင့် ပင့်ထားသော အလှည့်သည် ဆက်ကာဆက်ကာ မပြတ်ဘဲရှိနေ၏။ ဆင်းရဲရှာသော အလုပ်သ္မား တယောက်လည်း (ပစ္စည်းတတ်နိုင်သူတို့၏ အားတက်သရော လှူဒါန်းကြပုံကို အားကျသဖြင့်) သူ၏အလုပ်ရှင့်ထံမှ လစာကိုတောင်း၍ မြတ်စွာဘုရားထံ သူ့ထမင်းကိုလည်း ရဟန်းသံဃာနှင့်အတူ အလှူခံဘို့ရန် ပင့်လျှောက် လေသော်, ဒါယကာ....ရဟန်း သံဃာတွေက များသည်, တတ်နိုင်-မတတ်နိုင်ကို စဉ်းစားဉုးလော့”ဟု မိန့်တော်မူ၍, “တတ်နိုင်ပါကြောင်း, ဆီးသီးမှုန့်တွေကို သကြားစသည်နှင့်ရော၍ စားသောက်ဘို့ရန် များစွာစီမံ ထားပါကြောင်း”ကိုလျှောက်လေသည်။ [ဆီးသီးအမှုန့်သာမက အခြားသော ဆွမ်းစသော စားဘွယ်များကိုလည်း စီစဉ်ထားသေး၏၊ သို့သော် သူပြောရိုး အတိုင်း ဆီးသီးမှုန့်တွေကို လျှောက်ခြင်းဖြစ်သည်၊] မြတ်စွာဘုရားလည်း ဆိတ်ဆိတ်နေတော်မူကာ လက်ခံတော်မူလိုက်၏။ [၁]
Remove ads
ရဟန်းများ ဆွမ်းခံစားမှု
ရဟန်းများသည် ထိုအကြောင်းကိုကြား၍ (ဆင်းရဲသူ၏ အိမ်၌ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ရှိမည်မထင် ကြသောကြောင့် နံနက် စောစောကပင် ဆွမ်းခံ၍ စားထားကြလေ၏၊ သို့သော် “ဆင်းရဲသားတဦးက ဘုရားအမှူးရှိသော သံဃာကုန်ပင့်ထားသတဲ့”ဟု ကြားရသူတို့က ထိုသူ၏အိမ်သို့ ကောင်းမွန် သော ခဲဘွယ်ဘောဇဉ်များကို ပို့ကြလေသည်၊ ထိုဆင်းရဲသားလည်း နံနက် မလင်းမှီကပင် မွန်မြတ်သော ခဲဘွယ်ဘောဇဉ်ကို စီစဉ်၍ ထမင်းစားဘို့ရန် အချိန်တန်ပါကြောင်းကို အထောက်လွှတ်လိုက်သည့်အခါ ဘုရားနှင့်တကွ သံဃာကုန်ကြွလာတော်မူ၏၊ ထို့နောက် သပိတ်၌ ဆွမ်းထည့်သောအခါ ရဟန်းများက “နဲနဲထည့်=နဲနဲထည့်”ဟု မိန့်ကြလေသော် “တပည့်တော် အများကြီး စီမံထားပါသည်, အလိုရှိတိုင်း ဘုဉ်းပေးတော်မူကြပါ”ဟု လျှောက်လေ၏၊ ထိုအခါ ရဟန်းများက “မလောက်မင ဖြစ်မှာစိုးလို့ မဟုတ်ပါ, နံနက်ကပင် ဆွမ်းခံပြီးစားခဲကြလို့ပါ”ဟု ပြောကြလေသည်၊ [၁]
ထိုအခါ ထိုဆင်းရဲသားသည် စိတ်မချမ်းမသာဖြစ်၍ “ငါကအဝစားရအောင် လှူနိုင်ပါလျက် အရှင်မြတ်တို့က ပင့်ထားတဲ့နေရာက ဘောဇဉ်ကိုတော့ မစားဘဲ အခြားဘောဇဉ်ကို ဘာ့ကြောင့်စားကြသလဲ”ဟု ကဲ့ရဲ့သောကြောင့် “ပရမ္ပရဘောဇနေ ပါစိတ္တိယံ”ဟု မူလပညတ်ကိုထားတော်မူရလေသည်။ [၁]
Remove ads
မှတ်ချက်
ဤသိက္ခာပုဒ်၌ အပ်စပ်သော ပင့်ဖိတ်နည်းဖြင့် ပင့်ဖိတ်သော ဘောဇဉ်ကိုသာ ရှေ့ပင့်ထားသည်ကို မစားဘဲ နောက်မှရသော ဘောဇဉ်ကို စားမှုကြောင့် အာပတ်သင့်ရသည်၊ ယခုကာလ “ဆွမ်းဘုဉ်းပေးကြွပါ” စသည်ဖြင့်အပ်သော ပင့်နည်းမျိုး၌ကား ရှေ့ပင့်ထားသည်ကို မစားဘဲ နောက်မှ(ပင့်၍ဖြစ်စေ ဆွမ်းခံ၍ဖြစ်စေ) ရသောဆွမ်းကို စားမှုကြောင့် အာပတ်မသင့်၊ ဘတ္တ(ထမင်း) ဟူသော နာမည်ဖြင့်ပင့်ရာ၌ ရှေ့သိက္ခာပုဒ် အရ “၄-ပါးအထက် ခံယူ၍ မစားကောင်း” ဟူရာ၌လည်း သံဃာကုန် မဟုတ်လျှင်သာ မစားကောင်းသည်။ သံဃာကုန်ပင့်ရာ၌ “ဂဏ” မဟုတ်တော့ဘဲ “သံဃ” ဖြစ်သောကြောင့် အတူတကွ ခံယူစားကောင်း၏၊ ထို့ကြောင့် လူဆင်းရဲက အဓိဝါသေတု ဘတ္တံ = တပည့်တော် ထမင်းကို လက်ခံတော်မူပါ”ဟု ပင့်ရာ၌ သံဃာကုန်ဖြစ်၍ အတူတကွ ခံယူစားကြလေသည်။ [၁]
အနုပညတ်
ထို့နောက် ပရမ္ပရဘောဇဉ်ကို ရှောင်နေရ၍ ဂိလာန ဖြစ်သူအား အစားအသောက် ချို့ယွင်းမှု, သင်္ကန်းလှူချိန်ဝယ် သင်္ကန်းနှင့်အတူ ထမင်းကိုလည်း လှူလေ့ရှိကြရာ ထိုထမင်းကို လက်မခံလျှင် သင်္ကန်းလည်း မရကြ၍ သင်္ကန်းနည်းပါးမှု, သင်္ကန်းချုပ်ဆိုးချိန်ဝယ် ပရမ္ပရဘောဇဉ်ကို ရှောင်ကြဉ်နေရလျှင် အလုပ်မတွင်မှုများကြောင့် ဂိလာန, စီဝရဒါန, စီဝရကာရသမယတို့၌ ပရမ္ပရဘောဇဉ်ကို စားခွင့်ပြုသောအားဖြင့် “အညတြ သမယာ” စသည်ကို ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရလေသည်။ [၁]
Remove ads
သိက္ခာပုဒ်
ပရမ္ပရဘောဇနေ အညတြ သမယာ ပါစိတ္တိယံ။ တတ္ထာယံ သမယော, ဂိလာနသမယော, စီဝရဒါနသမယော, စီဝရကာရသမယော, အယံ တတ္ထ သမယော။[၁]
မြန်မာပြန်
စားသင့်ရာအခါကိုကြဉ်၍ နောက်နောက် ပင့်ဖိတ်သူ၏ ဘောဇဉ်ကို စားခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ ထိုစားသင့်ရာ အခါဟူသည် မကျန်းမာရာအခါ, သင်္ကန်းလှူရာအခါ, သင်္ကန်း ချုပ်ဆိုးရာ အခါများဖြစ်သည်။ [၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads