ပရိညေယျသုတ်
From Wikipedia, the free encyclopedia
Remove ads
(၃)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ခန္ဓာငါးပါးသည် ပရိညေယျ “ပိုင်းခြား၍သိအပ်သောတရား”၊ ရာဂ, ဒေါသ, မောဟတို့ ကုန်ရာနိဗ္ဗာန်သည် ပရိညာ “ပိုင်းခြား၍သိမှု”၊ ရဟန္တာပုဂ္ဂိုလ်သည် ပရိညာတာဝီ “ပိုင်းခြား၍ သိအပ်ပြီးသူ”ဟု ပရိညေယျ, ပရိညာ, ပရိညာတာဝီ-တို့ကို ခန္ဓာတစ်ပါးစီခွဲခြား၍ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အထက်သုတ် အတိုင်း ပရိညေယျ၊ ပရိညာ၊ ပရိညာတာဝီပုဂ္ဂိုလ်တို့ကို အရှင်ရာဓထေရ်အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် သစ္စာလေးပါးနှင့် ဒုက္ခအရိယသစ္စာသည် ပရိညေယျ၊ ဒုက္ခသမုဒယအရိယသစ္စာသည် ပဟာတဗ္ဗ, ဒုက္ခနိရောဓအရိယသစ္စာသည် သစ္ဆိကာတဗ္ဗ, ဒုက္ခနိရောဓဂါမိနိပဋိပဒါအရိယသစ္စာသည် ဘာဝေတဗ္ဗ”ဟု ယင်းကိစ္စလေးပါးတို့ကို အားထုတ်ပြုလုပ်ရမည်ဟု ရဟန်းတို့အား သစ္စာတစ်ပါးစီဝေဖန်၍ ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads