ပရိသာသုတ်
From Wikipedia, the free encyclopedia
Remove ads
(၄)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အဂ္ဂဝတီ, ဝဂ္ဂ, သမဂ္ဂ-ဟူသော ပရိသတ်သုံးမျိုးကို အကျယ်ဝေဖန်တော်မူ၍ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များ ရှိပါသည်။
[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် (၁) ဩက္ကာစိတဝိနီတာ၊ (၂) ပရိပုစ္ဆာဝိနီတာ၊ (၃) ယာဝတာ (ယာဝတဇ္ဈာ) ဝိနီတာ-ဟူသော ပရိသတ်သုံးမျိုးရှိပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပရိသဒူသကပုဂ္ဂိုလ် ၄-မျိုးနှင့် ပရိသသောဘနပုဂ္ဂိုလ် ၄-မျိုးတို့၏ အရည်အချင်း (ဂုဏ်)တို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၄] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပရိသတ်(၈)မျိုးနှင့် ပရိသတ်များသို့ ချဉ်းကပ်တော်မူ၍ တရားဟောတော်မူပုံကို ရဟန်းတို့အား ဘုရားရှင် အကျယ်အားဖြင့် ဟောတော်မူသည့်သုတ်။
(မဟာမြတ်မုနိ ရုပ်ပွားတော်မြတ် သမိုင်းကြောင်းဖြစ်သည်။)
အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များ ရှိပါသည်။ အဝိညာတဒေသ၌ တရားဟောတော်မူခြင်းသည် ထိုပုဂ္ဂိုလ်တို့ ဝါသနာဖြစ်စေရန် ဟောတော်မူကြောင်း ဖွင့်ဆိုထားပါသည်။ [၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads