ပရိဟာနသုတ်
From Wikipedia, the free encyclopedia
Remove ads
(၄)သုတ် ရှိပါသည်။
[၁] မဂဓနိုင်ငံ ပါဋလိပုတ်မြို့ ကုက္ကုဋာရာမ၌ အရှင်အာနန္ဒာနှင့် အရှင်ဘဒ္ဒထေရ်တို့ သီတင်းသုံးတော်မူကြစဉ် အရှင်ဘဒ္ဒထေရ်၏ မေးလျှောက်မှုကြောင့် “သတိပဋ္ဌာန် လေးပါးကို ဘာဝိတ, ဗဟုလီကတဖြစ်အောင် မပွားများခြင်းကြောင့် “သဒ္ဓမ္မပရိဟာန” ဖြစ်ပုံ၊ ပွားများခြင်းကြောင့် “သဒ္ဓမ္မအပရိဟာန ဖြစ်ပုံ၊ သတိပဋ္ဌာန်လေးပါး ပွားများပုံကို အရှင်အာနန္ဒာထေရ် ဟောကြားတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ပုဂ္ဂလပရိဟာနဖြစ်ပုံ၊ ဘုရားရှင် သက်တော်ထင်ရှား တည်ရှိနေတော်မူသော်လည်း သတိပဋ္ဌာန်လေးပါးတို့ကို မပွားများလျှင် “သဒ္ဓမ္မ အန္တရဓာန” ဖြစ်ပုံကို ဖွင့်ပြထားပါသည်။
[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် သေက္ခရဟန်း၏ ဆုတ်ယုတ်ကြောင်းတရား ၈-မျိုးနှင့် မဆုတ်ယုတ်ကြောင်းတရား ၈-မျိုးတို့ကို ကဏှပက္ခ, သုက္ကပက္ခဒေသနာတော်ဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၃] ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ အရှင်သာရိပုတ္တရာ သီတင်းသုံးတော်မူစဉ် ပရိဟာနဓမ္မပုဂ္ဂိုလ်နှင့် အပရိဟာနဓမ္မပုဂ္ဂိုလ်တို့ကို အကျယ်အားဖြင့် ရဟန်းတို့အား အရှင်သာရိပုတ္တရာ ဟောတော်မူသည့်သုတ်။
[၄] သေခရဟန်း၏ ဆုတ်ယုတ်ကြောင်းတရား ၃-ပါးနှင့် မဆုတ်ယုတ်ကြောင်း တရား ၃-ပါးတို့ကို ဘုရားရှင်ထံတော်မှ နာယူခဲ့ရကြောင်းကို ခုဇ္ဇုတ္တရာက သာမာဝတီ အမှူးရှိသော မိဖုရားငါးရာတို့အား ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ ဟောပြသည့်သုတ်။
အဋ္ဌကထာ၌ မှတ်သားဖွယ်ရာအကျယ် ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads