ပရိုဂရမ်သဒ္ဒါ

From Wikipedia, the free encyclopedia

Remove ads

programming language များလည်း သဒ္ဒါဆိုတာ ရှိသည်။ ဆိုလိုသည်မှာ ပရိုဂရမ်၏ အမိန့်စာကြောင်းများကို ရေးသားရာတွင် စည်းစနစ်မှန်ကန်မှု အဓိကလိုအပ်ပါသည်။ မိမိရေးသားသော ပရိုဂရမ်တွင် စဉ်းစားတွက်ချက်နည်းစနစ်မှန်ကန်သော်လည်း မိမိအသုံးပြုသောပရိုဂရမ်၏ သဒ္ဒါစည်းစနစ်မှန်ကန်မှုမရှိခဲ့ပါက မိမိ၏ ခိုင်းစေသော အမိန့်စာကြောင်းပါ အမိန့်များအတိုင်း ကွန်ပျူတာက အလုပ်လိုက် လုပ်ပေးမည်မဟုတ်ပါ။ Programming Language များစွာထဲမှ C++(C double plus) ဟုခေါ်သော programming Language တစ်ခုကို ကျနော်တို့ စပြီးလေ့လာကြရအောင်။

C++ programming language ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုတော့ မရေးပေးတော့ပါဘူး။ သမိုင်းကြောင်းကို လေ့လာခြင်း မဟုတ်သည့်အတွက် အဓိက ထားပြီး မရှင်းပြ နိုင်ခြင်း ဖြစ်ပါတယ်။

ပထမဦးစွာ ကျွန်တော်တို့ programming language တွင် အသုံးအများဆုံး စကားလုံးများကို နားလည်အောင် ဖတ်ရှုပါ့မယ်။သတိပြုရန်- အမိန့်စာကြောင်းများ မဟုတ်။ အခေါ်အဝေါ်များသာဖြစ်သည်။

•Data types(မိမိအသုံး အပြု လိုသော အချက်အလက်များ အမျိုးအစားများ။ ဥပမာ (ကိန်းဂဏန်းအမျိုးအစားလား(သို့)ဗျည်းအက္ခရာလား စသည်ဖြင့်)။

• Keyword (အရေးပါသော စကားလုံး(သို့) ၎င်း Language တွင် လိုအပ်သလို ထည့်သွင်းသုံးစွဲခွင့် ရှိသော စကားလုံး။၎င်း စကားလုံးများတွင် ကိုယ်ပိုင်လုပ်ဆောင်မှုများ စွမ်းဆောင်နိုင်မှုများ ရှိသည်။

• Operator (ပရိုဂရမ်အတွင်းသုံး သင်္ချာပိုင်းဆိုင်ရာ တွက်ချက်မှု သင်္ကေတ အသုံးအနှုံးများ)။

• Expression (အသုံးအနှုံးများသတ်မှတ်ခြင်း (သို့) အတိအလင်း ဖြစ်ခြင်း)။

• Logical (ယုတ္တိတန်သော။(သို့) အမှား၊အမှန် ခွဲခြားနိုင်သော)။

• Bitwish (ကွန်ပျူတာသုံး အသေးဆုံးယူနစ်တွက်နည်းများ)။

• Arithmetic (ဂဏန်းသင်္ချာနှင့်ဆိုင်သော)။

• Relational (ဆက်သွယ်မှု၊ ဆက်စပ်မှု၊နှိုင်းယှဉ်ခြင်း)။

• Assignment (ရေးပုံရေးနည်းစနစ်)။

• Single quote (အဖွင့်အပိတ်(‘a’))။

• Double quote (အဖွင့်အပိတ်(“a”))။

• Conditional (အခြေ အနေတစ်ရပ်ကို မူတည်သော။ အခြေအနေအရ ဖြစ်သော။)။

• Statement ( ရေးသားပုံ။စာကြောင်း)။

• Syntax (ပရိုဂရမ်၏ အမိန့်စာကြောင်းများ ရေးသားတည်ဆောက်ပုံ(သို့) စာကြောင်း အထားအသိုပုံစံ)။

• Variable (ပြောင်းလဲနိုင်သောအရာ။ ကိန်းရှင်။)။

• Identifier (ရွေးထုတ်သည်။ ခွဲခြားနိုင်သည်။ဖော်ထုတ်နိုင်သည်။)

• Expression (ကိန်းသေများ၊ ကိန်းရှင်များနှင့် အခြားသော အချက်အလက်များကို operator နှင့် ဆက်စပ်ထား ခြင်းဖြစ်သည်။ ၎င်း အနေအထားအား ဖြေရှင်းလိုက်ပါက တန်ဖိုးတစ်ခုခု (သို့)အခြေအနေတစ်ရပ် ဖြစ်ပေါ်စေမှာ ဖြစ်သည်။ တနည်းအားဖြင့် အဖြေတစ်ခုရအောင် Program နည်းလမ်းကျကျ ဖွဲ့စည်းတည်ဆောက်ထားသော ဖော်မြူလာ ပုံသေနည်းဖြစ်သည်။

• Default (အတိအကျ(သို့)ပြောင်းလဲနိုင်စွမ်းမရှိ)

Remove ads

ရင်းမြစ်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads