ပလစ်ဗစ် ရေကန်များ အမျိုးသားဥယျာဉ်
ခရိုအေးရှားနိုင်ငံ၏ အမျိုးသားဥယျာဉ်၊ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ From Wikipedia, the free encyclopedia
Remove ads
ပလစ်ဗစ် ရေကန်များ အမျိုးသားဥယျာဉ် သည် အရှေ့တောင် ဥရောပတွင် ရှေးအကျဆုံး အမျိုးသား ဥယျာဉ် တစ်ခု ဖြစ်ပြီး ခရိုအေးရှားနိုင်ငံ တွင် အကြီးဆုံးသော အမျိုးသားဥယျာဉ် ဖြစ်သည်။ ခရိုအေးရှားနိုင်ငံတွင် အခြား အမျိုးသားဥယျာဉ် ၇ ခု ရှိပြီး သဘာဝဥယျာဉ် ၁၀ ခု လည်း ရှိသည်။ ၁၉၇၉ ခုတွင် ပလစ်ဗစ် ရေကန်များ အမျိုးသားဥယျာဉ် အား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်း ခဲ့သည်။ [၁]


အမျိုးသားဥယျာဉ်အား ၁၉၄၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ခရိုအေးရှားနိုင်ငံ အလယ်ပိုင်း တောင်ကုန်းထူထပ်သော ဒေသ တွင် တည်ရှိကာ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံ နယ်စပ်တွင် တည်ရှိသည်။ အရေးပါသော တောင်မြောက်လမ်းမသည် အမျိုးသားဥယျာဉ် ဒေသကို ဖြတ်သန်းသွားပြီး ခရိုအေးရှား ကုန်းတွင်းပိုင်းအား အေဒြီယက်တစ်ပင်လယ် ကမ်းရိုးတန်း ဒေသနှင့် ဆက်သွယ်ပေးထားသည်။
ထိန်းသိမ်းစောင့်ရှောက်ထားသော ဧရိယာမှာ ၂၉၆.၈၅ စတုရန်း ကီလိုမီတာ (၇၃,၃၅၀ ဧက) မျှ ရှိသည်။ ၉၀ ရာခိုင်နှုန်းသော ဧရိယာမှာ လီကာ-ဆန့်ဂျ် ကောင်တီ တွင် တည်ရှိပြီး ကျန်ရှိသော ၁၀ ရာခိုင်နှုန်းမှာ ကာလိုဗက်ကောင်တီ တွင် တည်ရှိသည်။
နှစ်စဉ်တိုင်းတွင် ဧည့်သည် ၁ သန်းကျော် လာရောက်လည်ပတ်ကြသည်။ ဝင်ကြေးမှာ အချိန်အလိုက်ကွဲပြားပြီး လူများသော အချိန်တွင် လူကြီးတစ်ယောက်လျှင် ယူရို ၂၄ ဒေါ်လာ ခန့် အထိ ရှိသည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads