ပလာစမာ (ရူပဗေဒ)
ဒြပ်တို့၏ အခြေအနေ ၄ မျိုးအနက်မှ တစ်ခု From Wikipedia, the free encyclopedia
Remove ads
ပလာစမာ ဆိုသည်မှာ ဂရိ πλάσμα, အဓိပ္ပာယ် "ပုံသွင်းနိုင်သော အရာဝတ္ထု"[၁] သို့မဟုတ် "ဂျယ်လီ"[၂] ဖြစ်ပြီး ဒြပ်တို့၏ အခြေနေ ၄ ရပ်မှ ၁ ခုပင်ဖြစ်သည်။ အခြား ၃ ခုမှာ အစိုင်အခဲ၊ အရည်နှင့် အငွေ့တို့ဖြစ်ကြသည်။ ထိုအခြေနေ ၃ ခုနှင့်မတူဘဲ ပလာစမာသည် ကမ္ဘာပေါ်၌ သာမန်ပတ်ဝန်းကျင်အခြေနေတွင် တွေ့ရလေ့မရှိပေ။ သို့သော် ဓာတ်မပြုသော အငွေ့များမှ ဖန်တီးယူနိုင်သည်။[၃] ပလာစမာဟူသော အခေါ်အဝေါ်အား ၁၉၂၀ ခုနှစ်များတွင် ပထမဆုံး မိတ်ဆက်ခဲ့သူမှာ Irving Langmuir ဆိုသူဖြစ်သည်။[၄] ပတ်ဝန်းကျင်၏ အပူချိန်နှင့် သိပ်သည်းမှုအရ ပလာစမာသည် တစ်ပိုင်း အိုင်ယွန်နစ် သို့မဟုတ် အပြည့်အဝ အိုင်ယွန်နစ်ပုံစံ ဖြစ်နိုင်သည်။ တစ်ပိုင်း အိုင်ယွန်နစ် ပလာစမာများကိုမူ လူအများ နားလည်ကြသည်။ ဥပမာ နီယွန်မီးသင်္ကေတ၊ လျှပ်စီးလက်ခြင်း[၅] တို့ဖြစ်သည်။ သို့သော် အပြည့်အဝ အိုင်ယွန်းနစ် ပလာစမာများကိုမူ နေ၏အတွင်းဘက်ပိုင်း၊[၆] ဆိုလာ ကော်ရိုနာနှင့်[၇] ကြယ်၏အတွင်းပိုင်း[၈] တို့၌သာ ဖြစ်ပွားသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads