ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ
From Wikipedia, the free encyclopedia
Remove ads
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (အင်္ဂလိပ်: Pa-O National Federal Council) သည် မြန်မာနိုင်ငံရှိ ပအိုဝ်းလူမျိုးများ၏ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းတို့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော ဖက်ဒရယ်ဒီမိုကရေစီလိုလားသည့် အင်အားစုများအနက်မှ တစ်ခုဖြစ်သည်။[၁]
Remove ads
နောက်ခံသမိုင်းနှင့် ဖွဲ့စည်းခြင်း
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ထိုကာလတွင် ပအိုဝ်းလူငယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက စစ်အာဏာရှင်စနစ်ကို တော်လှန်ပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင်ရန် ရည်ရွယ်ခဲ့ကြသည်။ ထိုရည်ရွယ်ချက်ဖြင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ညီလာခံတစ်ရပ် ကျင်းပကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ [၂]
PNFC ကို ဖွဲ့စည်းရာတွင် ပအိုဝ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးနှင့် ဖက်ဒရယ်မူများကို အခြေခံခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) က ၎င်း၏ နိုင်ငံရေးဦးဆောင်မှုအောက်ရှိ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PPDF-KD) နှင့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) တို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် စစ်ရေးပူးတွဲညှိနှိုင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ဤကော်မတီဖွဲ့စည်းခြင်းသည် PNFC ၏ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်နီတပ်မတော် (KA) တို့၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုကို ရည်ရွယ်သည်။[၃]
Remove ads
ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ
PNFC ၏ အဓိကရည်မှန်းချက်များမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရန်၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် ပအိုဝ်းတိုင်းရင်းသားများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်၊ ပအိုဝ်းလူမျိုးများ၏ အမျိုးသားရေးအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကာကွယ်မြှင့်တင်ရန် နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး ပြည်သူလူထု၏ ဘဝလုံခြုံမှုနှင့် သာယာဝပြောရေးကို ဆောင်ရွက်ရန် ဟူ၍ ဖြစ်သည်။
PNFC သည် ၎င်းတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) နှင့် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (PPDF) စသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို နိုင်ငံရေးအရ ဦးဆောင်လမ်းညွှန်မှု ပေးလျက်ရှိသည်။ ၎င်းတို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Remove ads
ခေါင်းဆောင်ပိုင်း
PNFC ၏ ဥက္ကဋ္ဌမှာခွန်မြင့်ထွန်း ဖြစ်သည်။ အခြားသော ခေါင်းဆောင်ပိုင်းဆိုင်ရာ အချက်အလက်များကိုမူ အများပြည်သူသိရှိရန် ထုတ်ဖော်ခြင်း နည်းပါးသည်။
လက်ရှိအခြေအနေ
PNFC သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်လျက်ရှိသည်။ ၎င်းတို့သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအို ဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အနီးတစ်ဝိုက်တွင် အဓိကလှုပ်ရှားလျက်ရှိသည်။
နှီးနွယ်လက်နက်ကိုင်အဖွဲ့
ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါမ်)(PPDF-KD) သည် ပအိုးဝ်အမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ၏ နိုင်ငံရေးဦးဆောင်မှု အောက်တွင် ရပ်တည်ပြီး KNLA ၏ စစ်ရေးဦးဆောင်မှုအောက်တွင် လှုပ်ရှားနေသည့် တပ်ဖွဲ့ ဖြစ်သည်။[၄]
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads