ပါစီနနိန္နသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂၄)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဂင်္ဂါ၊ ယမုနာ၊ အစိရဝတီ၊ သရဘူ၊ မဟီ-ဟူသော အသီးအသီး မြစ်တစ်စင်းစီ တစ်စင်းစီတို့သည် ပါစီနနိန္ဒ၊ ပါစီနပေါဏ၊ ပါစီနပဗ္ဘာရဖြစ်ကုန်သကဲ့သို့ ထို့အတူ အဋ္ဌင်္ဂီကအရိယမဂ် အသီးအသီး တစ်ပါးစီ တစ်ပါးစီကို ဝိဝေကနိဿိတ၊ ဝိရာဂနိဿိတ၊ နိရောဓနိဿိတ၊ ဝေါဿဂ္ဂ ပရိဏာမီဖြစ်အောင် ပွားများလျှင် နိဗ္ဗာနနိန္န၊ နိဗ္ဗာနပေါဏ၊ နိဗ္ဗာနပဗ္ဘာရဖြစ်၏ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။
ဆဋ္ဌသုတ်။
မြစ်ကြီးငါးစင်းလုံးသည် ပါစီနနိန္န၊ ပါစီနပေါဏ၊ ပါစီနပဗ္ဘာရဖြစ်သကဲ့သို့၊ ထို့အတူ အဋ္ဌင်္ဂီကအရိယမဂ်ကို အထက်သုတ်တော်များ၌ ဟောတော်မူခဲ့သည့် အတိုင်း ပွားများလျှင် နိဗ္ဗာနနိန္န၊ နိဗ္ဗာနပေါဏ၊ နိဗ္ဗာနပဗ္ဘာရဖြစ်၏ဟု မြစ်ငါးစင်းလုံးကို တပေါင်းတည်းပြု၍ ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။
[၂] အထက်သုတ်တော်များအတိုင်း မြစ်ကြီးငါးစင်း အသီးအသီး တစ်စင်းစီ တစ်စင်းစီ ငါးစင်းလုံးပေါင်း၍ တစ်ကြိမ် အဋ္ဌင်္ဂိကအရိယမဂ္ဂ တစ်ပါးစီ တစ်ပါးစီကို အသီးအသီး ရာဂဝိနယပရိဂေါသာန၊ ဒေါသဝိနယပရိယောသာန၊ မောဟဝိနယ ပရိယောသာန၊ ဘာဝိတ၊ ဗဟုလီကရဏဖြစ်အောင် ပွားများလျှင် နိဗ္ဗာနိန္န၊ နိဗ္ဗာနပေါဏ၊ နိဗ္ဗာနပဗ္ဘာရဖြစ်၏ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်များ။
[၃] အထက်သုတ်တော်များအတိုင်း အဋ္ဌင်္ဂိကအရိယမဂ် တစ်ပါးစီ တစ်ပါးစီကို အသီးအသီး အမတောဂဓ၊ အမတပရာယန၊ အမပရိယောသာနဘာဝိတ၊ ဗဟုလီကတဖြစ်အောင် ပွားများလျှင် နိဗ္ဗာနနိန္ဒ၊ နိဗ္ဗာနပေါဏ၊ နိဗ္ဗာနပဗ္ဘာရဖြစ်၏ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်များ။
[၄] အထက်သုတ်တော်များအတိုင်း အဋ္ဌင်္ဂိကအရိယမဂ်ကို နိဗ္ဗာနနိန္ဒ၊ နိဗ္ဗာန ပေါဏ၊ နိဗ္ဗာနပဗ္ဘာရဘာဝိတ၊ ဗဟုလီကတဖြစ်အောင် တစ်ပါးစီ တစ်ပါးစီ အသီး အသီး ပွားများလျှင် နိဗ္ဗာနနိန္ဒ၊ နိဗ္ဗာနပေါဏ၊ နိဗ္ဗာနပဗ္ဘာရဖြစ်၏ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်များ။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads