ပါဋလိယသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ဘုရားရှင် ကောလိယမြို့ ဥတ္တရအမည်ရှိသော ကောလိယနိဂုံး၌ သီတင်းသုံးတော်မူစဉ် ပါဋလိယရွာသူကြီး၏ မေးလျှောက်ချက်အရ မြတ်စွာဘုရားသည် “မာယာ”ကို သိသော်လည်း “မာယာဝီ”ပုဂ္ဂိုလ် မဟုတ်ပုံကို ပါဋလိယရွာသူကြီး သိနိုင်လောက်သော မျက်မြင်ဥပမာဖြင့် ရှင်းလင်းမိန့်ကြားတော်မူပြီး “မြတ်စွာဘုရားသည် မာယာကိုလည်းကောင်း၊ မာယာ၏အကျိုးကိုလည်းကောင်း၊ မာယာဝီပုဂ္ဂိုလ်၏ အပါယ ဒုဂ္ဂတိ ဝိနိပါတနိရယ-ဟူသောအကျိုးလည်းကောင်းသိတော်မူပုံ၊ ဒုစရိုက် ၁၀ ပါးကို ပြုလုပ်၊ ပြောဆို၊ ကြံစည်သူများသည် ကွယ်လွန်ပြီးသည်၏အခြားမဲ့၌ အပါယ၊ ဒုဂ္ဂတိ၊ ဝိနိပါတ၊ နိရယ၌သာဖြစ်ရပုံကိုလည်း သိတော်မူပုံကို မိန့်ကြားတော်မူပါသည်။

မင်း နှစ်သက်ကျေနပ်သော ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရကို ပြုလုပ်သောသူသည် မင်းကဲ့သို့ စည်းစိမ်ချမ်းသာခံစားရပုံ၊ မနှစ်သက်သော ယင်း ဒုစရိုက်သုံးမျိုးကို ပြုလုပ်သောပုဂ္ဂိုလ်သည် ကွပ်မျက်ခံရပုံကို မြင်ဖူး၊ ကြားဖူးခြင်း ရှိ, မရှိ မေးတော်မူပြီး ယင်းဒုစရိုက်သုံးမျိုးကို ပြုလုပ်သောသူတို့သည် မျက်မှောက် ဘဝ၌သာလျှင် ဒုက္ခ၊ ဒေါမနဿကိုခံစားရ၏ဟုအယူရှိသော သမဏ၊ ဗြာဟ္မဏတို့၏စကား မမှန်ကန်ပုံ၊ ဒုဿီလ၊ မိစ္ဆာပဋိပန္န၊ မိစ္ဆာဒိဋ္ဌိကဖြစ်ပုံ ကြည်ညိုရန်သင့် မသင့် တစ်မျိုးစီ တစ်မျိုးစီမေးမြန်း၍ မိန့်ကြားတော်မူပါသည်။

ပါဋလိယရွာသူကြီးက မိမိ၏အာဝါသထာဂါရ၌တည်းခိုကြသော သမဏ၊ ဗြဟ္မဏတို့၏ မိန့်ကြားခဲ့သော အယူဝါဒများကိုလျှောက်ထားပြီး ယင်းဝါဒများ၌ ယုံမှား တွေးတောမှုဖြစ်ခဲ့ပါကြောင်း၊ ထိုယုံမှားတွေးတောမှုကို ပယ်စွန့်နိုင်ရန် ဓမ္မကိုဟောတော်မူပါရန် လျှောက်ထားပါသည်။

ဓမ္မသမာဓိ၊ စိတ္တသမာဓိရနိုင်သော ကျင့်စဉ်ပဋိပဒါကို ဟောတော်မူပါသည်။ ယင်းကျင့်စဉ်များအတိုင်း ကျင့်သုံးလျှင် ဓမ္မသမာဓိ၊ စိတ္တသမာဓိကိုရရှိပြီး မိစ္ဆာအယူ ယုံမှားတွေးတောမှုကို ပယ်ဖျောက်နိုင်ပုံ သမ္မာအယူဖြစ်ပုံကို အကျယ်တဝင့် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads