ပါယာသိသုတ်

From Wikipedia, the free encyclopedia

Remove ads

[] အရှင်ကုမာရကဿပထေရ် ရဟန်းတော်ငါးရာနှင့်အတူ ကောသလနိုင်ငံ အတွင်း ဒေသစာရီ ကြွချီတော်မူရာ သေတဗျမြို့မြောက်ဘက် ယင်းတိုက်တော၌ သီတင်းသုံးတော်မူစဉ် အရှင်ကုမာရကဿပထံသွားသော သေတဗျမြို့သား ဗြာဟ္မဏ, ဂဟပတိကတို့အား ကမ္မဝါဒကို ဟောကြားမည့်ဒေသနာကို တားမြစ်ရန် အတွက် သေတဗျမြို့သားများနှင့်အတူရောက်လာသော နတ္ထိကအယူရှိသူ သေတဗျမြို့စား “ပါယာသိရာဇည”၏

-ဒုစရိုက်လုပ်ငန်းဖြင့် သေသောသူများအား မှာကြားခြင်း၊

-သုစရိုက်လုပ်ငန်းဖြင့် သေသောသူများအား မှာကြားခြင်း၊

-သူတော်ကောင်းများ မိမိကိုယ်ကို သတ်၍မသေကြပုံ၊

-ရာဇဝတ်သားများကို အိုးအတွင်းထည့်ပိတ်ပြီး မီးမြိုက်သတ်ရာ၊

-လည်ပင်းကို ကြိုးဖြင့်ညှစ်သတ်ရာ၊

-ခန္ဓာကိုယ် အစိတ်အပိုင်းများ မပျက်စီးစေဘဲသတ်ရာ၊

-ခန္ဓာကိုယ်အစိတ်အပိုင်းများကို တစ်မျိုးစီခွဲ၍သတ်ရာတို့၌ ထွက်သွားသောအသက်ကို မတွေ့မမြင်ရခြင်းတို့ကိုထောက်ထား၍ နတ္ထိအယူယူပုံကို လျှောက်ထားချက်များကို အရှင်ကုမာရကဿပထေရ်က-

၁။ စန္ဒိမသူရိယ (လ, နေ) ဥပမာ

၂။ စောရ (အသတ်ခံရသောခိုးသူ)ဥပမာ၊

၃။ဂူထကူပပုရိသ (မစင်တွင်း၌နစ်မြုပ်နေသောယောက်ျား)ဥပမာ၊

၄။တာဝတိံသဒေဝ (တာဝတိံသာနတ်)ဥပမာ၊

၅။ ဇစ္စန္ဒ (ဝမ်းတွင်းကန်းသောယောက်ျား)ဥပမာ၊

၆။ ဂမ္ဘိနီ (ကိုယ်ဝန်ဆောင်ပုဏ္ဏေးမ)ဥပမာ၊

၇။ သုပိနက (အိပ်မက်)ဥပမာ၊

၈။ သန္တတ္တအယောဂုဠ (ရဲရဲညီးညီးသံတွေခဲ)ဥပမာ၊

၉။ သင်္ခဓမ (ခရုသင်းမှုတ်သောယောက်ျား)ဥပမာ၊

၁၀။ အဂ္ဂိဃဇဋိလ (မီးကိုလုပ်ကျွေးသောရသေ့)ဥပမာ၊

၁၁။ ဒွေသတ္တဝါဟ (လှည်းမှူးကြီးနှစ်ယောက်)ဥပမာ၊

၁၂။ ဂူထဘာရိက (မစင်ထုတ်ဆောင်ယူသူ)ဥပမာ၊

၁၃။ အက္ခဓုတ္တ (အန်ကစားသူ)ဥပမာ၊

၁၄။ သာဏဘာရိက (ပိုက်ဆံလျော်ထုတ်ယူသူ)ဥပမာ-တို့ဖြင့် မညှာမထောက် ဟောကြားတော်မူ၍ နတ္ထိကမိစ္ဆာအယူကို စွန့်လွှတ်စေ၍ သရဏဂုံ တည်သူအဖြစ်၌ရောက်စေပုံ၊ အကျိုးကျေးဇူးမများသောအလှူနှင့် အကျိုးကျေးဇူး များမြတ်ကြီးမားသောအလှူတို့ကို ရှင်းလင်းဟောကြားတော်မူပုံ၊ ပါယာသိမြို့စား အလှူ၊ ဥတ္တရလုလင်၏ ကောင်းမှုလုပ်ငန်း၊ ပါယာသိဒေဝပုတ္တ၏ အရှင်ဂဝမ္ပတိထေရ်အား လျှောက်ထားသည့် အလှူဒါနပြုပုံတို့ကို ပြဆိုထားသည့်သုတ်။

အဋ္ဌကထာ၌ အရှင်ကုမာရကဿပထေရ်ဝတ္ထုနှင့်တကွ မှတ်သားဖွယ် ရာများကို အကျယ်ဖွင့်ပြထားပါသည်။ ဋီကာ၌လည်း မှတ်သားဖွယ်ဖွင့်ဆိုချက်များ ရှိပါသည်။ []


ပါယာသိသုတ်ကို သုံးကန့် ကန့်ထားသည်။ ပထမအကန့်တွင် သေတဗျပြည်တွင် ကုမာရကဿပသည် ရဟန်းများနှင့် သီတင်းသုံးနေစဉ် သေတဗျဘုရင် ပါယာသိနှင့် ပရလောကရှိ-မရှိ စကားဆွေးနွေးခန်းကို ဖော်ပြထား၍ ဒုတိယအကန့်တွင် ပါယာသိနှင့် သူ၏တပည့် ဥတ္တရတို့ စကားအချေအတင် ပြောကြခြင်းတို့ကို ရှင်းပြထားသည်။ တတိယအကန့်တွင် ပါယာသိနှင့် ဂဝမ္ပတိမထေရ်တို့ သေရီသကဗိမာန်တွင် ဆွေးနွေးပြောဆိုခြင်းတို့ကို ရေးသားထားလေသည်။[]

Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads