ပါရဂူဘွဲ့ ကြီးကြပ်သူ
From Wikipedia, the free encyclopedia
Remove ads
မြန်မာဘာသာဖြင့် ပါရဂူဘွဲ့ကြီးကြပ်သူ၊ အင်္ဂလိပ်ဘာသာဖြင့် doctoral advisor၊ dissertation director၊ dissertation advisor၊ (ဗြိတိသျှ အင်္ဂလိပ် ဘာသာတွင်) doctoral supervisor ဟု ခေါ်ဆိုသူမှာ ဘွဲ့လွန် ကျောင်းသားများကို ပါရဂူဘွဲ့ (doctorate) ရရှိရန် လမ်းညွှန် ထိန်းကြောင်းပေးသည့် တက္ကသိုလ်ဆရာကို ဆိုလိုသည်။ သင်ရိုးရွေးချယ်ရာတွင် လည်းကောင်း၊ စာတမ်း (dissertation) ရေးရန် သုတေသနနယ်ပယ် ရွေးချယ်ရာတွင်လည်းကောင်း ကူညီပေးလေ့ရှိပြီး၊[၁] အများအားဖြင့် ပါရဂူဘွဲ့ကြီးကြပ်သူများမှာ ဌာနတွင်းရှိ အဆင်မြင့်/ဝါရင့် ဆရာများ ဖြစ်တတ်သည်။ ကျောင်းသားများက ကြီးကြပ်သူရွေးချယ်ရာတွင် ဆရာ၏ သုတေသန နယ်ပယ်၊ ဆရာ၏ သဘောတူညီမှု၊ ၎င်းဆရာနှင့် မိမိ အလုပ်အတူ လုပ်လို/မလုပ်လို စသည်တို့အပေါ် မူတည်ပြီး ရွေးချယ်ကြသည်။
အချို့နိုင်ငံများတွင် ပါရဂူဘွဲ့ကြီးကြပ်သူများမှာ ကျောင်းသား၏ စာတမ်းကော်မတီ၊ သို့မဟုတ် ပါရဂူအရည်အချင်းစစ် စာမေးပွဲတွင် ဥက္ကဋ္ဌအဖြစ် ကြီးမှူးလေ့ရှိပြီး၊ အချို့နိုင်ငံများတွင်မူ ၎င်းဥက္ကဋ္ဌရာထူးကို အခြားသူတစ်ဦးက ယူရလေ့ရှိသည်။ ပမာအားဖြင့် ဒတ်ခ်ျ ပညာရေးစနစ် (Dutch academic system) တွင် တင်းပြည့် ပါမောက္ခများသာ ကော်မတီဥက္ကဋ္ဌ လုပ်ခွင့်ရှိ၍ လက်ထောက်ပါမောက္ခတစ်ဦးကို ကြီးကြပ်သူအဖြစ် ရွေးချယ်သော ကျောင်းသားတစ်ဦး၏ ပါရဂူဘွဲ့ကြီးကြပ်သူကို promotor ဟုခေါ်ဆိုပြီး၊ ကော်မတီဥက္ကဋ္ဌကို co-promotor ဟု ခေါ်သည်။[၂] စပိန်ကဲ့သို့သော နိုင်ငံများတွင်မူ ပါရဂူဘွဲ့ ကြီးကြပ်သူသည် ကျောင်းသား၏ အုပ်ထိန်းသူ အကြံပေးအဖြစ် ဆောင်ရွက်နိုင်သော်လည်း စာတမ်း/စာမေးပွဲ ကော်မတီတွင် ပါဝင်ခွင့်မရှိပေ။ ၎င်းကော်မတီကို ပါမောက္ခချုပ်ရုံးမှ သီးသန့် ရွေးချယ်ထားသော ဆရာငါးဦးဖြင့် ဖွဲ့စည်းပြီး၊ ၎င်းဆရာငါးဦးကို ဘွဲ့ယူကျောင်းသား၏ ဌာနမှ စာရင်းတင်သွင်းသည့် ဆရာဆယ်ဦးထဲမှ ရွေးချယ်ခြင်း ဖြစ်သည်။
ပညာရေး မျိုးရိုးစဉ်ဆက် (academic genealogy) ကို ကျောင်းသား၏ ပါရဂူဘွဲ့ ကြီးကြပ်သူမှ တဆင့် သာမန် မျိုးရိုးအဆက် လိုက်သကဲ့သို့ လိုက်နိုင်သည်။ ဆိုလိုသည်မှာ မိမိ၏ ဘိုးဘွားဘီဘင်တို့ကို မိဘများမှတဆင့် မျိုးရိုးလိုက်နိုင်သကဲ့သို့ ကျောင်းသား၏ "ပညာရေး ဘိုးဘွားဘီဘင်" တို့ကို ပါရဂူဘွဲ့ကြီးကြပ်သူမှတဆင့် မျိုးရိုးဆက်လေ့ ရှိကြသည်။
Remove ads
အညွှန်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads