ပါရာဘာသာစကား
ဘာသာစကား From Wikipedia, the free encyclopedia
ပါရာဘာသာစကား သို့မဟုတ် ပါရာနာဂဘာသာစကား (Para, Para Naga, Jejara, Bara, Parasar) သည် မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုကြသော အမျိုးအစား အုပ်စုမခွဲထားသည့် နာဂဘာသာစကားတစ်ခု ဖြစ်သည်။ ပါရာနာဂ၊ လောင်ဖူးရီနာဂနှင့် မကူရီနာဂ ဘာသာစကားတို့သည် အချင်းချင်း နီးစပ်မှု ရှိကြပြီး ပါရာနာဂသည် အထင်ရှားဆုံး ဖြစ်သော်လည်း အခြားသော နာဂဘာသာစကားများနှင့် နှိုင်းယှဉ်ပါက နီးစပ်မှု မရှိပေ။
ပါရာ | |
---|---|
Jejara | |
ဒေသခံ | မြန်မာနိုင်ငံ |
ဒေသခံ ပြောဆိုသူများ | ၁,၅၀၀ (၂၀၀၄)[၁] |
တရုတ်-တိဗက်နွယ်
| |
ဘာသာစကားကုဒ်များ | |
ISO 639-3 | pzn |
Glottolog | para1302 [၂] |
ပါရာဘာသာစကားကို မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လေရှီးမြို့နယ်ရှိ ကျေးရွာ ၇ ရွာတွင် ပြောဆို အသုံးပြုကြသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.